ေခါ်နူးစုမ်အမျိုးသားဥယျာဉ်ဝင်ကြေးကို ပြည်တွင်းဧည့်သည်များပါ ပထမဆုံးစကောက်တဲ့လတွင် ကျပ် ၂၈ သိန်းကျော်ရရှိ

၂၀၁၉၊ နိုဝင်ဘာလ (၁၆)
ခေါ်နူးစုမ်အမျိုးသားဥယျာဉ်ဝင်ကြေးကို ပြည်ပဧည့်သည်များသာမက ပြည်တွင်းခရီးသွားဧည့်သည်များပါ ပထမဆုံးစကောက်တဲ့လတွင် ကျပ် ၂,၈၀၇,၀၀၀ ရရှိကြောင်း ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးရုံးမှသတင်းရရှိပါတယ်။

၂၀၁၄ ခုနှစ်တွင် ပြည်ပဧည့်သည်များကိုသာ ဝင်ကြေးကောက်ခံပေမယ့် ပြည်တွင်းခရီးသွားဧည့်သည်များလည်း ဝင်ကြေးကောက်ခံတော့မယ်လို့ သြဂုတ်လ (၁)ရက်နေ့က ထုတ်ပြန်ကြေညာပြီး အောက်တိုဘာလ (၁၃)ရက်မှ ဝင်ကြေးစတင်ကောက်ခံပါတယ်။

အောက်တိုဘာလ အတွင်း ခေါ်နူးစုမ်အမျိုးသားဥယျာဉ်မှ ဝင်ကြေးကောက်ခံရရှိတဲ့ စာရင်းကတော့ ပြည်တွင်းဧည့်သည် (၇၇၇)ဦး၊ ပြည်ပဧည့်သည် (၅၁)ဦးရှိပါတယ်။

ဝင်ကြေးကောက်ခံပုံကတော့ ပြည်ပဧည့်သည်တစ်ဦးတွင် ကျပ်တစ်သောင်းခွဲ၊ ပြည်တွင်းဧည့်သည်လူကြီးတစ်ဦးလျှင် နှစ်ထောင်၊ လူငယ်တစ်ဦးလျှင် တစ်ထောင်၊ ခရီးသည်တင်မော်တော်ယာဉ်ကြီးတစ်စီးတွင် ငါးထောင်၊ ခရီးသည်တင်မော်တော်ယာဉ် အငယ်တစ်စီးတွင် သုံးထောင်၊ ခရီးသည်တင်ဆိုင်ကယ်တစ်စီးလျှင် တစ်ထောင်စသည်ဖြစ် ကောက်ခံကြပါတယ်။

Zalen ad

ခေါ်နူးစုမ်အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးရုံးရဲ့ တောအုပ်ကြီး ဒေါ်လိန်းရှိန်းမံက “ဧည့်သည်များတာက သတင်းကျွတ် နဲ့ ကထိန်ရုံးပိတ်ရက်ပဲလူများတယ်။ ဒါပေမယ့် အဲ့ဒီချိန်က ရာသီဥတုမကောင်းတော့ တောင်ပေါ်ထိလာမတက်ကြဘူး” လို့ပြောပါတယ်။

ခေါ်နူးစုမ်တောင်ဟာ ပေ (၁၀၂၀၀)မြင့်ပြီး ဥယျာဉ်သတ်မှတ်ထားတဲ့ဧရိယာဟာ ဧက(၁၇၆၂၀၂)ရှိပါတယ်။ ၁၉၃၆ သစ်တောဥပဒေရ ဥတုထိန်းသစ်တောကြိုးဝိုင်းဝိတိုရိယတောင်အဖြစ်သော်လည် းကောင်း၊၁၉၉၇ခုနှစ်ဇူလိုင်လတွင် အမျိုးသားဥယျာဉ်၊၂၀၁၀ခုနှစ်ဒီဇင်ဘာလတွင် နတ်မတောင်အမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ခဲ့ကြပြီ ၂၀၁၂ ခုနှစ်စက်တင်ဘာလတွင် အာဆီယံ အမွေအနှစ် ဥယျဉ်အဖြစ်လည်းသမိုင်းဝင်သတ်မှတ်ခဲ့ကြသည်၊ ၂၀၁၃ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်အမျိုးသားဥယျဉ်အဖြစ်ယှဉ်ပြိုင်ခဲ့ရာ တောင်ထိပ်ကားလမ်းဖောက်လုပ်ခြင်းတခုကြောင့်ရှုံးနိမ့်ခံပါတယ်။ ၂၀၁၈ခုနှစ်တွင် ပြည်ပ၅၇၃၊ပြည်တွင်း၁၅၃၁၆ဦး ပြည်တွင်းဧည့်သည်ဝင်ရောက်မှုအများဆုံးမှတ်တမ်းတင်နိုင်ခဲ့တယ်။

(Zawgyi)

ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္ဝင္ေၾကးကို ျပည္တြင္းဧည့္သည္မ်ားပါ ပထမဆုံးစေကာက္တဲ့လတြင္ က်ပ္ ၂၈ သိန္းေက်ာ္ရရွိ

၂၀၁၉၊ ႏိုဝင္ဘာလ (၁၆)
ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္ဝင္ေၾကးကို ျပည္ပဧည့္သည္မ်ားသာမက ျပည္တြင္းခရီးသြားဧည့္သည္မ်ားပါ ပထမဆုံးစေကာက္တဲ့လတြင္ က်ပ္ ၂,၈၀၇,၀၀၀ ရရွိေၾကာင္း ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္အုပ္ခ်ဳပ္ေရး႐ုံးမွသတင္းရရွိပါတယ္။

၂၀၁၄ ခုႏွစ္တြင္ ျပည္ပဧည့္သည္မ်ားကိုသာ ဝင္ေၾကးေကာက္ခံေပမယ့္ ျပည္တြင္းခရီးသြားဧည့္သည္မ်ားလည္း ဝင္ေၾကးေကာက္ခံေတာ့မယ္လို႔ ၾသဂုတ္လ (၁)ရက္ေန႔က ထုတ္ျပန္ေၾကညာၿပီး ေအာက္တိုဘာလ (၁၃)ရက္မွ ဝင္ေၾကးစတင္ေကာက္ခံပါတယ္။

ေအာက္တိုဘာလ အတြင္း ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္မွ ဝင္ေၾကးေကာက္ခံရရွိတဲ့ စာရင္းကေတာ့ ျပည္တြင္းဧည့္သည္ (၇၇၇)ဦး၊ ျပည္ပဧည့္သည္ (၅၁)ဦးရွိပါတယ္။

ဝင္ေၾကးေကာက္ခံပုံကေတာ့ ျပည္ပဧည့္သည္တစ္ဦးတြင္ က်ပ္တစ္ေသာင္းခြဲ၊ ျပည္တြင္းဧည့္သည္လူႀကီးတစ္ဦးလွ်င္ ႏွစ္ေထာင္၊ လူငယ္တစ္ဦးလွ်င္ တစ္ေထာင္၊ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ႀကီးတစ္စီးတြင္ ငါးေထာင္၊ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ အငယ္တစ္စီးတြင္ သုံးေထာင္၊ ခရီးသည္တင္ဆိုင္ကယ္တစ္စီးလွ်င္ တစ္ေထာင္စသည္ျဖစ္ ေကာက္ခံၾကပါတယ္။

ေခၚႏူးစုမ္အမ်ိဳးသားဥယ်ာဥ္အုပ္ခ်ဳပ္ေရး႐ုံးရဲ႕ ေတာအုပ္ႀကီး ေဒၚလိန္းရွိန္းမံက “ဧည့္သည္မ်ားတာက သတင္းကြၽတ္ နဲ႔ ကထိန္႐ုံးပိတ္ရက္ပဲလူမ်ားတယ္။ ဒါေပမယ့္ အဲ့ဒီခ်ိန္က ရာသီဥတုမေကာင္းေတာ့ ေတာင္ေပၚထိလာမတက္ၾကဘူး” လို႔ေျပာပါတယ္။

ေခၚႏူးစုမ္ေတာင္ဟာ ေပ (၁၀၂၀၀)ျမင့္ၿပီး ဥယ်ာဥ္သတ္မွတ္ထားတဲ့ဧရိယာဟာ ဧက(၁၇၆၂၀၂)ရွိပါတယ္။ ၁၉၃၆ သစ္ေတာဥပေဒရ ဥတုထိန္းသစ္ေတာႀကိဳးဝိုင္းဝိတိုရိယေတာင္အျဖစ္ေသာ္လည္ းေကာင္း၊၁၉၉၇ခုႏွစ္ဇူလိုင္လတြင္ အမ်ိဳးသားဥယ်ာဥ္၊၂၀၁၀ခုႏွစ္ဒီဇင္ဘာလတြင္ နတ္မေတာင္အမ်ိဳးသားဥယ်ာဥ္အျဖစ္သတ္မွတ္ခဲ့ၾကၿပီ ၂၀၁၂ ခုႏွစ္စက္တင္ဘာလတြင္ အာဆီယံ အေမြအႏွစ္ ဥယ်ဥ္အျဖစ္လည္းသမိုင္းဝင္သတ္မွတ္ခဲ့ၾကသည္၊ ၂၀၁၃ခုႏွစ္တြင္ ကမာၻ႔အေမြအႏွစ္အမ်ိဳးသားဥယ်ဥ္အျဖစ္ယွဥ္ၿပိဳင္ခဲ့ရာ ေတာင္ထိပ္ကားလမ္းေဖာက္လုပ္ျခင္းတခုေၾကာင့္ရႈံးနိမ့္ခံပါတယ္။ ၂၀၁၈ခုႏွစ္တြင္ ျပည္ပ၅၇၃၊ျပည္တြင္း၁၅၃၁၆ဦး ျပည္တြင္းဧည့္သည္ဝင္ေရာက္မႈအမ်ားဆုံးမွတ္တမ္းတင္ႏိုင္ခဲ့တယ္။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်