ပြည်ပရောက်ချင်းတိုင်းရင်းသားတွေနေရပ်ပြန်လာနိုင်ဖို့ IOM နဲ့ ချင်းကုန်သည်အသင်းဆွေးနွေး

ပြည်ပရောက်ချင်းတိုင်းရင်းသားတွေနေရပ်ပြန်လာနိုင်ဖို့ IOM နဲ့ ချင်းကုန်သည်အသင်းဆွေးနွေး

ချင်းတိုင်းရင်းသား ရွေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်လာနိုင်ဖို့ ချင်းပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ နိုင်ငံတကာရွေ့ပြောင်းအလုပ်သမားအဖွဲ့ (IOM- International Organization of Migration) တို့ဟာ ဇူလိုင် ၇ ရက်နေ့တွင် ပထမအကြိမ်ဆွေးနွေးကြပါတယ်။

ချင်းပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကပ်ခင်းပေါင်က “ပြည်ပရောက် ချင်းတိုင်းရင်းသား ရွေ့ပြောင်းအလုပ်သမားတွေ ကိုယ့်ပြည်နယ်မှာ ဘယ်လိုပြန်လာချင်မလဲဆိုတဲ့အကြောင်းဆွေးနွေးကြတယ်။ သူတို့က ဒီတိုင်းတော့ပြန်လာချင်ကြမှာမဟုတ်ဘူးလေ။ ဒါကြောင့် ဒီမှာ သူတို့တွက် စားဝတ်နေရေးအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမှရမယ်။ ဆိုတော့ ဒီမှာ စံပြအနေနဲ့ အောင်မြင်တဲ့လုပ်ငန်းတွေ အရင်ဖော်ထုတ်ပေးဖို့လိုတယ်။ ဥပမာ တောင်ပိုင်းမှာဆိုရင် ဝဥ လုပ်ငန်း၊ မြောက်ပိုင်းမှာဆို ကော်ဖီလုပ်ငန်းကို ပြည်နယ်မှာ ကုန်ချောထိထုတ်လုပ်နိုင်အောင် အရင်လုပ်ပြမှရမယ်။ အခုက ပထမဆုံးအကြိမ်ဆိုတော့ နောက်ပိုင်းမှာလည်း အသေးစိတ်ထပ်ဆွေးနွေးကြဖို့လည်းရှိတယ်” လို့ပြောပါတယ်။

ချင်းတိုင်းရင်းသားတွေဟာ မလေးရှား၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ မကာအို၊ အာရပ်နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာ ရွေ့ပြောင်းအလုပ်လုပ်နေကြပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

AI (ChatGPT) တွေက မှားနိုင်တယ်လို့ ဂျာမန်သုတေသီတဦးပြော

မတ် ၂၇၊ ၂၀၂၆။ Zalen ဂျာမန်သုတေသီတဦးရဲ့ စမ်းသပ်ချက်အရ ChatGPT လို AI မော်ဒယ်တွေဟာ အဓိပ္ပါယ်မရှိတဲ့ စာသားတွေကိုတောင် စာပေအရည်အသွေးကောင်းတယ်လို့ သတ်မှတ်နိုင်ခြေရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်က AI ကို အပြည့်အဝ ယုံကြည်အသုံးပြုမှုအပေါ် ...

ဆက်ဖတ်ရန်