ကလေးမြို့တွင် စင်ကာပူမှပြန်လာတဲ့လူနာနဲ့ မိသားစုကို စောင့်ကြည့်လူနာအဖြစ် ထားရှိ

စင်ကာပူနိုင်ငံမှ ကလေးမြို့သိုပြန်လာပြီး ဖျားနာနေတဲ့ ၃၅ နှစ်အရွာအမျိုးသမီးနဲ့ ၎င်းမိသားစုဝင်တွေကို COVID-19 သံသယလူနာအဖြစ် သတ်မှတ်ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံက စောင့်ကြည့်နေတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ကလေးမြို့နယ် ပျဉ်းခုံလေးကျေးရွာနေ မိုင်… (၃၅ နှစ်)ဟာ မတ်လ (၁၇)ရက်တွင် စင်ကာပူနိုင်ငံမှပြန်လာပြီး မတ်လ (၁၈)ရက်တွင် ရန်ကုန်သို့ရောက်ရှိလာပါတယ်။ မတ်လ (၁၉)ရက်တွင် ချင်းတောင်တန်းခရီးသည်တင်ယာဉ်ဖြစ် ကလေးမြို့သို့ပြန်လာပြီး မတ်လ (၂၀)ရက် နံနက် ၁၀ နာရီတွင် ပျဉ်းခုံလေးရွာရှိ ၎င်းတို့နေအိမ်သို့ရောက်ရှိလာပါတယ်။ ယင်းနေ့ နေ့လည် (၂)နာရီခန့်တွင် နေမကောင်းဖြစ်လာသဖြင့် ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ဝယ်စလီဆေးရုံသို့သွားရောက်ပြသရာ ည (၉)နာရီတွင် ဝယ်စလီဆေးရုံမှ ကျန်းမာရေးအခြေအနေကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံသို့ လွှဲအပ်ခဲ့ပါတယ်။ ယခုအခါ ပြည်သူ့ဆေးရုံက COVID-19 သံသယလူနာအဖြစ် စောင့်ကြည့်ပြီး လူနာရှင်ရဲ့ မိသားစု (၇)ဦးကိုလည်း နေအိမ်မှဝင်ထွက်မှုမရှိစေရန် (Home Quarantine) ပြုလုပ်ထားပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ရွာလှကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစာရိုထန်းက “လူနာရှင်က ကိုယ်ပူ၊ ကိုယ်ချမ်းဖြစ်တယ်။ ဒီနေ့ညနေပိုင်းမှာတော့ အချမ်းလည်းပျောက်တယ်လို့ပြောတယ်။ ဒါကြောင့် ကလေးမြို့ပြည်သူ့ဆေးရုံက (၁၄)ရက်ကြာစောင့်ကြည့်ဖို့ထိန်းသိမ်းထားတယ်။ သူ့မိသားစုတွေလည်း အပြင်ကိုမထွက်ဖို့၊ သူတို့အိမ်ကိုလည်း သွားမလည်ကြဖို့ပြောထားတယ်။ သူတို့က ကိစ္စရှိလို့အပြင်သွားချင်ရင်လည်း တစ်ယောက်ပဲထွက် မျက်နှာဖုံးတပ်ပြီး ဘယ်သူနဲ့မှစကားမပြောဖို့မှာထားတယ်” လို့ပြောပါတယ်။

(Zawgyi)

ကေလးၿမိဳ႕တြင္ စင္ကာပူမွျပန္လာတဲ့လူနာနဲ႔ မိသားစုကို ေစာင့္ၾကည့္လူနာအျဖစ္ ထားရွိ

စင္ကာပူႏိုင္ငံမွ ကေလးၿမိဳ႕သိုျပန္လာၿပီး ဖ်ားနာေနတဲ့ ၃၅ ႏွစ္အ႐ြာအမ်ိဳးသမီးနဲ႔ ၎မိသားစုဝင္ေတြကို COVID-19 သံသယလူနာအျဖစ္ သတ္မွတ္ၿပီး ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံက ေစာင့္ၾကည့္ေနတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ ကေလးၿမိဳ႕နယ္ ပ်ဥ္းခုံေလးေက်း႐ြာေန မိုင္… (၃၅ ႏွစ္)ဟာ မတ္လ (၁၇)ရက္တြင္ စင္ကာပူႏိုင္ငံမွျပန္လာၿပီး မတ္လ (၁၈)ရက္တြင္ ရန္ကုန္သို႔ေရာက္ရွိလာပါတယ္။ မတ္လ (၁၉)ရက္တြင္ ခ်င္းေတာင္တန္းခရီးသည္တင္ယာဥ္ျဖစ္ ကေလးၿမိဳ႕သို႔ျပန္လာၿပီး မတ္လ (၂၀)ရက္ နံနက္ ၁၀ နာရီတြင္ ပ်ဥ္းခုံေလး႐ြာရွိ ၎တို႔ေနအိမ္သို႔ေရာက္ရွိလာပါတယ္။ ယင္းေန႔ ေန႔လည္ (၂)နာရီခန႔္တြင္ ေနမေကာင္းျဖစ္လာသျဖင့္ ကေလးၿမိဳ႕၊ တာဟန္းရပ္ကြက္ရွိ ဝယ္စလီေဆး႐ုံသို႔သြားေရာက္ျပသရာ ည (၉)နာရီတြင္ ဝယ္စလီေဆး႐ုံမွ က်န္းမာေရးအေျခအေနေၾကာင့္ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ လႊဲအပ္ခဲ့ပါတယ္။ ယခုအခါ ျပည္သူ႔ေဆး႐ုံက COVID-19 သံသယလူနာအျဖစ္ ေစာင့္ၾကည့္ၿပီး လူနာရွင္ရဲ႕ မိသားစု (၇)ဦးကိုလည္း ေနအိမ္မွဝင္ထြက္မႈမရွိေစရန္ (Home Quarantine) ျပဳလုပ္ထားပါတယ္။

ယင္းကိစၥနဲ႔ပတ္သက္ၿပီး ႐ြာလွေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး ဦးစာ႐ိုထန္းက “လူနာရွင္က ကိုယ္ပူ၊ ကိုယ္ခ်မ္းျဖစ္တယ္။ ဒီေန႔ညေနပိုင္းမွာေတာ့ အခ်မ္းလည္းေပ်ာက္တယ္လို႔ေျပာတယ္။ ဒါေၾကာင့္ ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံက (၁၄)ရက္ၾကာေစာင့္ၾကည့္ဖို႔ထိန္းသိမ္းထားတယ္။ သူ႔မိသားစုေတြလည္း အျပင္ကိုမထြက္ဖို႔၊ သူတို႔အိမ္ကိုလည္း သြားမလည္ၾကဖို႔ေျပာထားတယ္။ သူတို႔က ကိစၥရွိလို႔အျပင္သြားခ်င္ရင္လည္း တစ္ေယာက္ပဲထြက္ မ်က္ႏွာဖုံးတပ္ၿပီး ဘယ္သူနဲ႔မွစကားမေျပာဖို႔မွာထားတယ္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်