ကလေးမြို့တွင် နာရေးကူညီမှုအသင်းတွေထံ အလှည့်ကျနဲ့အောက်ဆီဂျင်ပေးဝေတော့မယ်

ပြည်သူ့အလှူငွေနဲ့ဝယ်ယူထားတဲ့ ကလေးမြို့ အောက်ဆီဂျင်စက်ကထုတ်လုပ်တဲ့ အောက်ဆီဂျင်တွေကို နာရေးကူညီမှုအသင်း ၃ သင်းထံ အလှည့်ကျနဲ့ ပေးဝေတော့မယ်လို့ကော်မတီက ဒီနေ့ ဇူလိုင် ၂၀တွင် ဆုံးဖြတ်ကြပါတယ်။

ယင်းအောက်ဆီဂျင်စက်ဟာ တစ်ရက်မှာ လီတာ ၄၀ ဆံ့ အိုး ၃၀ မှ ၄၀ ကြားထုတ်လုပ်နိုင်ပါတယ်။

တိုင်းရင်းဆေးရုံကိုဗစ်စင်တာနဲ့ အိတ်စွပ်စင်တာကို တစ်ရက် ၄ ဗူးစီပုံမှန်ပေးမှာဖြစ်ပြီး ကျန်တဲ့ဗူးတွေကို နာကူအသင်းထံဆက်လက်ပေးဝေမှာဖြစ်ပါတယ်။

အလှည့်ကျအစီအစဉ်ကို မနက်ဖြန် ဇူလိုင် ၂၁ ရက်တွင်စတင်မှာဖြစ်ပြီး အောက်ဆီဂျင်လိုအပ်သူများ ယင်းအသင်းထံသွားရောက်ဖြည့်နိုင်မှာဖြစ်ပါတယ်။

Zalen ad

ဇူလိုင် ၂၁ ရက် ပုညကုသလအသင်း 09-400534470
ဇူလိုင် ၂၂ ရက် ကာယကံမေတ္တာအသင်း 09-400309807
ဇူလိုင် ၂၃ ရက် ဇောဘု (Zawlbuk) အသင်း 09-400544443
ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်