ကလေးမြို့မှာ လမ်းသွားလမ်း နှစ်ဦးဆီကနေ ဆိုင်ကယ်၊ ဖုန်း နဲ့ ပိုက်ဆံကို စစ်ကောင်စီ ခြိမ်းခြောက်တောင်း

၉၊ စက်တင်ဘာ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာ စက်တင်ဘာ ၈ရက်နေ့က လမ်းသွားလမ်းလာ လူငယ်အမျိုး သား နှစ်ဦးကို စစ်ကောင်စီက စစ်ဆေးခဲ့ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံတွေတောင်းသွားတယ်လို့ ‌မြင်တွေ့တဲ့ဒေသခံတွေက ပြောပါတယ်။

လူငယ်အမျိုးသားတစ်ဦးရဲ့ ဖုန်းကို စစ်ဆေးပြီးနောက် ထိုင်ထ အကြိမ် တစ်ရာပြုလုပ်ခိုင်းပြီး ဆိုင်ကယ်၊ ဖုန်းကို သိမ်းခဲ့တာလို့ သိရပါတယ်။

Zalen ad

နောက်ထပ်အမျိုးသားတစ်ဦးကိုတော့ ဖုန်းကို စစ်ဆေးပြီး ဖုန်းထဲက Kpayထဲမှာရှိတဲ့ ပိုက်ဆံ လေးသောင်းကို ထုတ်ခိုင်းပြီး ပိုက်ဆံရော ဖုန်းကို သိမ်းသွားတယ်လို့ ‌မြင်တွေ့တဲ့သူတွေက ပြောပါတယ်။

” ကောင်လေး တစ်ယောက်ကိုလည်း ထိုင်ထ အခါ တစ်ရာ လုပ်ခိုင်းတယ်။ ဖုန်းရော၊ ပိုက်ဆံရော ယူသွားတယ်။ ဆိုင်ကယ်‌ကိုလည်း စစ်ကားပေါ်တင်သွားတယ်။ မင်းကြီးဟိုတယ်နားက နှင်းသက်သက်ဝေ ရှေ့နားအထိ တောက်လျောက် စစ်ပြီး ငွေတောင်းနေတာ။ ကလေးမြို့မှာတော့ အတော်ဆိုးနေပြီ၊ နေခင်းကြောင်တောင်မှာတောင် သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်ဓားပြတိုက်နေကြတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒကစ အနီး မင်းကြီးဟိုတယ်မှာ တည်းခိုတဲ့ ခရီးသွားနှစ်ဦးရဲ့ အိုင်ဖုန်းနှစ်လုံးကို စစ်ကောင်စီက သိမ်းယူထားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၉ရက်နေ့ ဒီနေ့ နေ့လည်ပိုင်းမှာလည်း ကြို့သုံးပင်ရပ်ကွက်၊ ဆင်ရွာလမ်းခွဲအနီးမှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းတွေကို စစ်ဆေးခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်