စိုင်သွာလ်း(Saitual)ဒေသမှာ လူဝင်ခွင့်လက်မှတ် -ILP စစ်ဆေးရာ သက်တမ်းကုန်ခွင့်ပြုလက်မှတ် ကိုင်ဆောင်သူ ၂၀ ဦးတွေ့ရှိ

ဇွန် ၂၉ ၊ ၂၀၂၆

Zalen

Zalen ad

မီဇိုရမ်ပြည်နယ် စိုင်သွာလ်း (Saitual) ခရိုင်အတွင်း လူဝင်ခွင့်လက်မှတ် (Inner Line Permit – ILP) ကို မီဇိုလူငယ်အသင်း YMA က လိုက်လံစစ်ဆေးရာမှာ သက်တမ်းကုန်ဆုံးနေတဲ့ ILP ကိုင်ဆောင်ထားသူ ၂၀ ဦးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Sub Headquarters YMA Saitual က ယခုနှစ် အရှေ့မြောက် Khawdungsei မှာ ကျင်းပခဲ့တဲ့ YMA ညီလာခံဆုံးဖြတ်ချက်အရ မကြာသေးခင်က သူတို့ရဲ့ နယ်မြေအတွင်း YMA ဌာနခွဲအသီးသီးမှာ ILP စစ်ဆေးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ဆေးမှုအတွင်း စိုင်သွာလ်း ( Saitual ) နယ်မြေအတွင်း အလုပ်လုပ်ကိုင်နေသူနဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့ မီဇိုမဟုတ်သူ ၆၆ ဦးရဲ့ ILP ကို စစ်ဆေးခဲ့ရာ သက်တမ်းကုန်ဆုံးနေတဲ့ ILP ကိုင်ဆောင်သူ ၂၀ ဦးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ၂၀ ဦးထဲက ၄ ဦးကိုတော့ အာမခံပေးထားသူ (Sponsor) တွေနဲ့ ဆွေးနွေးပြီးနောက် မိမိတို့နေရပ်ကို ပြန်လည်ထွက်ခွာစေခဲ့ပါတယ်။ ကျန် ၁၆ ဦးကိုတော့ သတ်မှတ်ထားတဲ့ကာလအတွင်း ILP ကို သက်တမ်း တိုးတာနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေ ပြည့်စုံအောင် ဆောင်ရွက်ဖို့ အသိပေးထားတယ်လို့ YMA က ပြောပါတယ်။

Sub Headquarters YMA Saitual တာဝန်ရှိသူတွေက ILP မပြည့်စုံဘဲ မီဇိုရမ်မှာ လာရောက်အလုပ် လုပ်ကိုင်နေတဲ့ မီဇိုမဟုတ်သူတွေ ရှိနေဆဲဖြစ်သလို၊ စိုင်ရန်း (Sairang) ရထားဘူတာကတဆင့် ဝင်ရောက် လာသူတွေထဲမှာလည်း ILP မရှိသူ အများအပြား ရှိနေတာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက လက်ရှိထက် ပိုမိုတင်းကျပ်စွာ စစ်ဆေးကြပ်မတ်ပေးဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မီဇိုမဟုတ်သူ အလုပ်သမားတွေကို အာမခံပေးတဲ့ Sponsor တွေအနေနဲ့လည်း မိမိတို့ အာမခံထားသူတွေကို ILP မှာ ဖော်ပြထားတဲ့ အလုပ်လုပ်ခွင့်ရှိတဲ့ နေရာမှာသာ အလုပ်လုပ်စေဖို့နဲ့ အခြားနေရာတွေကို သွားလာအလုပ်လုပ်တာမျိုး မရှိစေဖို့ စောင့်ကြည့်ကြပ်မတ်ပေးဖို့ YMA က တိုက်တွန်းထားပါတယ်။

သတင်း  – Mickey

#Mizoram#Saitual #InnerLinePermit – ILP #YMA#Zalen

နောက်ဆုံးရသတင်းများ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လာမည်ဟု ကြေညာ

ဇွန် ၂၉၊ ၂၀၂၆Zalen ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာဟာ လက်ရှိခိုလှုံနေတဲ့ အိန္ဒိယနိုင်ငံမှတဆင့် ယခုနှစ်အတွင်း ၎င်းရဲ့ ဇာတိနိုင်ငံကို ပြန်လည်ဝင်ရောက်မယ်လို့ မနေ့ ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိ ...

ဆက်ဖတ်ရန်