ကလေးမြို့ ပြည်သူ့ဆေးရုံအုပ်နဲ့တာဝန်ရှိပုဂ္ဂိုလ်တွေ (၅)ရက်အတွင်းအရေးယူပေးဖို့ ချင်းတက္ကသိုလ်ကျောင်းသားအဖွဲ့အစည်း (၁၆)ဖွဲ့ကတောင်းဆို

ကလေးမြို့တွင် ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့် ကလေးဆေးရုံတွင်သေဆုံးသွားတဲ့ ဇိုမီးကျောင်းသားခေါင်းဆောင်ဟောင်း တာန် ဒါလ်းမွန်းမာန် (၂၄ နှစ်) ကိစ္စနဲ့ပတ်သက်ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံအုပ်၊ ခွဲစိတ်အထူးကုဆရာဝန်၊ ဆရာဝန်များနဲ့ သူနာပြုဆရာမများကို အရေးယူပေးဖို့ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့အစည်း (၁၆)ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ယင်းကြေညာချက်ထဲက ပူးတွဲတောင်းဆိုတဲ့အချက်တွင် (က) ကလေးနည်းပညာတက္ကသိုလ်တွင် စက်မှုစွမ်းအင်ဘာသာရပ် (ပဉ္စမနှစ်) ကျောင်းသား တာန်ဒါလ်းမွန်းမာန် ဆိုင်ကယ်မတော်တဆမှုဖြင့် သေဆုံးမှုတွင် ပေါ့ဆစွာဖြင့် အရေးပေါ်လူနာအပေါ် အချိန်(၉) နာရီကျော်ကြာ တစ်ညလုံးလျစ်လျူရှုထားသည့် ကလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးရှိ တာဝန်ရှိသူ ဆေးရုံအုပ်ကြီး၊ ခွဲစိတ် အထူးကုဆရာဝန်ကြီး၊ ဆရာဝန်များနှင့် သူနာပြုဆရာမများကို ဆေးဘက်ဆိုင်ရာ ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄ (က)တို့အရ ပွင့်လင်းမြင်သာစွာ အရေးယူဆောင်ရွက်ပေးရန်၊ (င) ဤပူးတွဲကြေငြာချက် ထုတ်ပြန်ပြီး (၅)ရက် အတွင်း အထက် (က) ပါ တောင်းဆိုချက်အတိုင်း နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိပါက မိမိတို့ အနေဖြင့် လိုအပ်သလို ပြတ်သားစွာ တုန့်ပြန်မည်လို့ဖော်ပြထားပါတယ်။

တာန် ဒါလ်းမွန်းမာန်ဟာ ကလေးမြို့ မြို့မဈေးကွေးအနီးလမ်းမပေါ်တွင် ဇန်နဝါရီလ (၂၆) ရက်နေ့ည (၁၁)နာရီအကျော်တွင် ဆိုင်ကယ်မတော်တဆဖြစ်ပြီး ဇန်နဝါရီလ (၂၇) ရက်နေ့ နေ့လည် (၁း၅၀) နာရီအချိန်တွင် သေဆုံးသွားပါတယ်။

ကလေးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းက “သူတို့ကြေညာချက်နဲ့ပတ်သက်ပြီး ဘယ်လိုမှသဘောထားမရှိပါဘူး။ ကျနော်တို့လည်းအထက်က အစီရင်ခံစာတွေတောင်းပြီးတော့ စစ်ဆေးမယ်လို့ထင်တယ်။ ဒီမိုကရေစီအနေအထားအရ သူတို့လည်းလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်။ ဒါပေမယ့် လွန်လွန်ကျူးကျူးဖြစ်လာရင် ဥပဒေအတိုင်းသွားမှာပေါ့။ ကျနော်တို့လည်းကြည့်နေတယ်။ မည်သည့်လူမျိုးဘာသာမဆိုအတွက် ဆေးရုံက အလုပ်လုပ်နေတယ်။ ဆေးရုံက ရှိတဲ့လူနဲ့၊ ရှိတဲ့ပစ္စည်းနဲ့ တက်စွမ်းနိုင်သလောက်လုပ်နေတယ်။ သူတို့နဲ့လည်း ကျနော်တို့အလုပ်မလုပ်ဘူး။ လူနာရဲ့ပိုင်ရှင်မိဘတွေလည်းမဟုတ်ဘူး။ သူတို့နဲ့လည်းပြောစရာအကြောင်းမရှိဘူး။ ကျနော်တို့က လူနာပိုင်ရှင်မရှိရင် ပိုပြီးတော့ လုပ်ပေးတယ်။ ဒီမှာက ပိုင်ရှင်ရှိတာနဲ့ မရှိတာနဲ့ ဘာမှဟိုလိုဟာတွေမရှိဘူးခင်ဗျ” လို့ပြောပါတယ်။

ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့အစည်း (၁၆)ဖွဲ့ရဲ့ ပူးတွဲကြေညာချက်ထဲတွင် လူနာ၏ ဆေးကုသမှုမှတ်တမ်းအရ ဇန်နဝါရီလ (၂၆) ရက်နေ့ ညအရေးပေါ်ဌာနတွင် လူနာအား မေးခိုင်ကာကွယ်ဆေး (ATT)၊ အကိုက်အခဲပျောက်ဆေး(Diclo)၊ သွေးတိတ်ဆေး(Chymo) ပေးခဲ့သည်။ ခွဲစိတ်ကုသဆောင်၌ သွေးပေါင်ချိန်ပေးခြင်းမှလွဲ၍ တခြားလိုအပ်သော ဆေးကုသမှုမရရှိခဲ့ပါ။ ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက်(၉း၀၀) နာရီ ခန့်တွင် တာဝန်ခံမည့် လူနာရှင်ပေါ်ပေါက်လာမှသာ Ceftriaxone၊ NS၊ Mannyl တို့ဖြင့် ကုသပေးခဲ့သည်။ နေ့လည် (၂း၃၀) နာရီတွင် စီတီစကင်ဖတ်ရန် ပြောကြားလာသောအခါ လွန်စွာ နောက်ကျသွားခဲ့ပြီ။

ဦးခေါင်းအတွင်းကြေသည့် လူနာကို Basic Checking သာ လုပ်ပြီး ဆေးရုံ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးနှင့် အထိရောက်ဆုံး ကုသမှုများမပေးခဲ့ပါ။ လိုအပ်ပါက သက်ဆိုင်ရာအဆင့်မြင့်ဆေးရုံသို့ စနစ်တကျလွဲပြောင်းပေးရန် စောင့်ကြည့်ကုသမှုမရှိသည့်အပြင် မိုးလင်းသည့်အချိန်ထိ ဓာတ်မှန်ပင် မရိုက်ပဲထားရှိခဲ့ပါသည်။ ထို့ကြောင့် ခွဲစိတ်ဆောင်ရောက်ရှိသည့်အချိန်မှစ၍ မနက် (၈း၀၀)နာရီအထိ လိုအပ်သော ဆေးကုသမှုမရရှိခဲ့သည့်အတွက် Accident and Injury Prevention Law ကို ချိုးဖောက်ကြောင်း ထင်ရှားစွာ တွေ့ရှိရပါသည်။

ပြင်ပလူနာဌာနမှ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် အရေးပေါ်လူနာအဖြစ်သတ်မှတ် လွဲပြောင်းပေးလိုက်သည့် တစ်ညလုံး သွေးထွက်လွန်နေသည့်လူနာအား ခွဲစိတ်ကုသဆောင်၌ ညတာဝန်ကျသော ဒေါက်တာတင်လင်းအောင်၊ သူနာပြု ဆရာမ ဒေါ်လေးလေးဖြူနှင့် ဆရာမ ဒေါ်ကေငိုင်ကိမ်းတို့မှ ပေါ့ဆစွာဖြင့် ဓါတ်မှန်ရိုက်စေခြင်းပင်မရှိ၊ လိုအပ်သည့် ဆေးကုသမှုမရှိ၊ အတွင်းသွေးယိုခြင်းနှင့် တညလုံး သွေးထွက်လွန်ခြင်းတို့ကို လျစ်လျူရှုထားခြင်း၊ ယင်းတို့အပါအဝင် ခွဲစိတ်ကုသဌာန တာဝန်ခံကြီးကြပ်သူ အထူးကုဆရာဝန်ကြီး ဒေါက်တာလှကျော်၊ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းတို့၏ အဖြစ်မှန်အား ဖုံးကွယ်သည့် လုပ်ရပ်တို့ကို ပြင်းထန်စွာရှုတ်ချသည် လို့ရေးသားထားပါတယ်။

(Zawgyi)

ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံအုပ္နဲ႔တာဝန္ရွိပုဂၢိဳလ္ေတြ (၅)ရက္အတြင္းအေရးယူေပးဖို႔ ခ်င္းတကၠသိုလ္ေက်ာင္းသားအဖြဲ႕အစည္း (၁၆)ဖြဲ႕ကေတာင္းဆို

ကေလးၿမိဳ႕တြင္ ဆိုင္ကယ္မေတာ္တဆျဖစ္မႈေၾကာင့္ ကေလးေဆး႐ုံတြင္ေသဆုံးသြားတဲ့ ဇိုမီးေက်ာင္းသားေခါင္းေဆာင္ေဟာင္း တာန္ ဒါလ္းမြန္းမာန္ (၂၄ ႏွစ္) ကိစၥနဲ႔ပတ္သက္ၿပီး ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံအုပ္၊ ခြဲစိတ္အထူးကုဆရာဝန္၊ ဆရာဝန္မ်ားနဲ႔ သူနာျပဳဆရာမမ်ားကို အေရးယူေပးဖို႔ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔တြင္ ခ်င္းတကၠသိုလ္ေက်ာင္းသားမ်ားအဖြဲ႕အစည္း (၁၆)ဖြဲ႕က ပူးတြဲေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။

ယင္းေၾကညာခ်က္ထဲက ပူးတြဲေတာင္းဆိုတဲ့အခ်က္တြင္ (က) ကေလးနည္းပညာတကၠသိုလ္တြင္ စက္မႈစြမ္းအင္ဘာသာရပ္ (ပၪၥမႏွစ္) ေက်ာင္းသား တာန္ဒါလ္းမြန္းမာန္ ဆိုင္ကယ္မေတာ္တဆမႈျဖင့္ ေသဆုံးမႈတြင္ ေပါ့ဆစြာျဖင့္ အေရးေပၚလူနာအေပၚ အခ်ိန္(၉) နာရီေက်ာ္ၾကာ တစ္ညလုံးလ်စ္လ်ဴရႈထားသည့္ ကေလးၿမိဳ႕အေထြေထြေရာဂါကုေဆး႐ုံႀကီးရွိ တာဝန္ရွိသူ ေဆး႐ုံအုပ္ႀကီး၊ ခြဲစိတ္ အထူးကုဆရာဝန္ႀကီး၊ ဆရာဝန္မ်ားႏွင့္ သူနာျပဳဆရာမမ်ားကို ေဆးဘက္ဆိုင္ရာ ဥပေဒ၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၄ (က)တို႔အရ ပြင့္လင္းျမင္သာစြာ အေရးယူေဆာင္႐ြက္ေပးရန္၊ (င) ဤပူးတြဲေၾကျငာခ်က္ ထုတ္ျပန္ၿပီး (၅)ရက္ အတြင္း အထက္ (က) ပါ ေတာင္းဆိုခ်က္အတိုင္း ႏိုင္ငံေတာ္အစိုးရႏွင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမွ အေရးယူေဆာင္႐ြက္ေပးျခင္းမရွိပါက မိမိတို႔ အေနျဖင့္ လိုအပ္သလို ျပတ္သားစြာ တုန႔္ျပန္မည္လို႔ေဖာ္ျပထားပါတယ္။

တာန္ ဒါလ္းမြန္းမာန္ဟာ ကေလးၿမိဳ႕ ၿမိဳ႕မေဈးေကြးအနီးလမ္းမေပၚတြင္ ဇန္နဝါရီလ (၂၆) ရက္ေန႔ည (၁၁)နာရီအေက်ာ္တြင္ ဆိုင္ကယ္မေတာ္တဆျဖစ္ၿပီး ဇန္နဝါရီလ (၂၇) ရက္ေန႔ ေန႔လည္ (၁း၅၀) နာရီအခ်ိန္တြင္ ေသဆုံးသြားပါတယ္။

ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအာင္မ်ိဳးဝင္းက “သူတို႔ေၾကညာခ်က္နဲ႔ပတ္သက္ၿပီး ဘယ္လိုမွသေဘာထားမရွိပါဘူး။ က်ေနာ္တို႔လည္းအထက္က အစီရင္ခံစာေတြေတာင္းၿပီးေတာ့ စစ္ေဆးမယ္လို႔ထင္တယ္။ ဒီမိုကေရစီအေနအထားအရ သူတို႔လည္းလြတ္လပ္စြာေျပာဆိုခြင့္ရွိတယ္။ ဒါေပမယ့္ လြန္လြန္က်ဴးက်ဴးျဖစ္လာရင္ ဥပေဒအတိုင္းသြားမွာေပါ့။ က်ေနာ္တို႔လည္းၾကည့္ေနတယ္။ မည္သည့္လူမ်ိဳးဘာသာမဆိုအတြက္ ေဆး႐ုံက အလုပ္လုပ္ေနတယ္။ ေဆး႐ုံက ရွိတဲ့လူနဲ႔၊ ရွိတဲ့ပစၥည္းနဲ႔ တက္စြမ္းႏိုင္သေလာက္လုပ္ေနတယ္။ သူတို႔နဲ႔လည္း က်ေနာ္တို႔အလုပ္မလုပ္ဘူး။ လူနာရဲ႕ပိုင္ရွင္မိဘေတြလည္းမဟုတ္ဘူး။ သူတို႔နဲ႔လည္းေျပာစရာအေၾကာင္းမရွိဘူး။ က်ေနာ္တို႔က လူနာပိုင္ရွင္မရွိရင္ ပိုၿပီးေတာ့ လုပ္ေပးတယ္။ ဒီမွာက ပိုင္ရွင္ရွိတာနဲ႔ မရွိတာနဲ႔ ဘာမွဟိုလိုဟာေတြမရွိဘူးခင္ဗ်” လို႔ေျပာပါတယ္။

ခ်င္းတကၠသိုလ္ေက်ာင္းသားမ်ားအဖြဲ႕အစည္း (၁၆)ဖြဲ႕ရဲ႕ ပူးတြဲေၾကညာခ်က္ထဲတြင္ လူနာ၏ ေဆးကုသမႈမွတ္တမ္းအရ ဇန္နဝါရီလ (၂၆) ရက္ေန႔ ညအေရးေပၚဌာနတြင္ လူနာအား ေမးခိုင္ကာကြယ္ေဆး (ATT)၊ အကိုက္အခဲေပ်ာက္ေဆး(Diclo)၊ ေသြးတိတ္ေဆး(Chymo) ေပးခဲ့သည္။ ခြဲစိတ္ကုသေဆာင္၌ ေသြးေပါင္ခ်ိန္ေပးျခင္းမွလြဲ၍ တျခားလိုအပ္ေသာ ေဆးကုသမႈမရရွိခဲ့ပါ။ ဇန္နဝါရီလ (၂၇) ရက္ေန႔ နံနက္(၉း၀၀) နာရီ ခန႔္တြင္ တာဝန္ခံမည့္ လူနာရွင္ေပၚေပါက္လာမွသာ Ceftriaxone၊ NS၊ Mannyl တို႔ျဖင့္ ကုသေပးခဲ့သည္။ ေန႔လည္ (၂း၃၀) နာရီတြင္ စီတီစကင္ဖတ္ရန္ ေျပာၾကားလာေသာအခါ လြန္စြာ ေနာက္က်သြားခဲ့ၿပီ။

ဦးေခါင္းအတြင္းေၾကသည့္ လူနာကို Basic Checking သာ လုပ္ၿပီး ေဆး႐ုံ၏ လုပ္ထုံးလုပ္နည္းႏွင့္အညီ အျမန္ဆုံးႏွင့္ အထိေရာက္ဆုံး ကုသမႈမ်ားမေပးခဲ့ပါ။ လိုအပ္ပါက သက္ဆိုင္ရာအဆင့္ျမင့္ေဆး႐ုံသို႔ စနစ္တက်လြဲေျပာင္းေပးရန္ ေစာင့္ၾကည့္ကုသမႈမရွိသည့္အျပင္ မိုးလင္းသည့္အခ်ိန္ထိ ဓာတ္မွန္ပင္ မ႐ိုက္ပဲထားရွိခဲ့ပါသည္။ ထို႔ေၾကာင့္ ခြဲစိတ္ေဆာင္ေရာက္ရွိသည့္အခ်ိန္မွစ၍ မနက္ (၈း၀၀)နာရီအထိ လိုအပ္ေသာ ေဆးကုသမႈမရရွိခဲ့သည့္အတြက္ Accident and Injury Prevention Law ကို ခ်ိဳးေဖာက္ေၾကာင္း ထင္ရွားစြာ ေတြ႕ရွိရပါသည္။

ျပင္ပလူနာဌာနမွ ဦးေခါင္းထိခိုက္ဒဏ္ရာျဖင့္ အေရးေပၚလူနာအျဖစ္သတ္မွတ္ လြဲေျပာင္းေပးလိုက္သည့္ တစ္ညလုံး ေသြးထြက္လြန္ေနသည့္လူနာအား ခြဲစိတ္ကုသေဆာင္၌ ညတာဝန္က်ေသာ ေဒါက္တာတင္လင္းေအာင္၊ သူနာျပဳ ဆရာမ ေဒၚေလးေလးျဖဴႏွင့္ ဆရာမ ေဒၚေကငိုင္ကိမ္းတို႔မွ ေပါ့ဆစြာျဖင့္ ဓါတ္မွန္႐ိုက္ေစျခင္းပင္မရွိ၊ လိုအပ္သည့္ ေဆးကုသမႈမရွိ၊ အတြင္းေသြးယိုျခင္းႏွင့္ တညလုံး ေသြးထြက္လြန္ျခင္းတို႔ကို လ်စ္လ်ဴရႈထားျခင္း၊ ယင္းတို႔အပါအဝင္ ခြဲစိတ္ကုသဌာန တာဝန္ခံႀကီးၾကပ္သူ အထူးကုဆရာဝန္ႀကီး ေဒါက္တာလွေက်ာ္၊ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအာင္မ်ိဳးဝင္းတို႔၏ အျဖစ္မွန္အား ဖုံးကြယ္သည့္ လုပ္ရပ္တို႔ကို ျပင္းထန္စြာရႈတ္ခ်သည္ လို႔ေရးသားထားပါတယ္။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ စစ်ကျန် လက်နက်ကြီးကျည် ဆော့ကစားလို့ ကလေး လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

၁၀၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ စစ်ကျန် လက်နက်ကြီးကျည်ကို ကလေးတွေ ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပြီး ကလေး လေးဦး သေဆုံးခဲ့သလို တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ မေလ ၈ ...

ဆက်ဖတ်ရန်