ကလေးမြို့ ဒကစ၊လေယာဉ်ကွင်းနဲ့ ထောက်ပို့တပ်ကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

၇၊မေ၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့ စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)၊လေယာဉ်ကွင်း၊ ထောက်ပို့တပ် စသည်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ယမန်နေ့ မေလ၆ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဒကစ(ကလေး)ကို ဒရုန်းနဲ့ဗုံး ၂လုံး၊ ကလေး လေယာဉ်ကွင်းကို ဗုံး၄လုံး၊ ထောက်ပို့တပ်ကို ဗုံး၃လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“Fixed Wing Drone တွေသုံးပြီး ဗုံးချတာဗျ။လေယာဉ်ကွင်းကို ဗုံးချတယ်ဆိုတာလည်း

စကစထောက်ပို့လေယာဉ်ဆင်းလာတဲ့ချိန်ကြဲတာပါ၊ အထိခိုက်တော့ တိကျအတည်ပြုလို့မရသေးဘူး”လို့ Wings Of Kalay တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ကျေးရွာ ၁၀ရွာက နေအိမ် ၆၀၀ ထက်မနည်းမီးရှို့ဖျက်ဆီးထားပြီး ဒေသခံပြည်သူ သောင်းနဲ့ချီစစ်ဘေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

သတင်း- Win Ko

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်