ကလေးမြို့ ရဲ ဒလံတွေစီးတဲ့ကားကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပြည်သူ့ခံတပ်သို့ အရပ်ဝတ်နဲ့ရောက်လာတဲ့ ရဲ ဒလံတွေစီးတဲ့ ကားကို မနေ့ညက မီးရှို့ဖျက်ဆီးလိုက်တယ်လို့သတင်းရရှိပါတယ်။

မျက်မြင်တစ်ဦးက “ဒလံတွေရဲ့ ကားကို ခံတပ်မရွေ့ခင် အကုန်ဖျက်ဆီးပြီးတော့ အဲ့ဒါကို ဗိုလ်ချုပ်လမ်းပေါ်မှာ မီးရှို့တယ်။ အချိန်ကတော့ ညနေ ၅ နာရီလောက်ကပါ” လို့ပြောပါတယ်။

ပြည်သူ့သပိတ်ခံတပ်တွင် မတ်လ (၃၁)ရက်တွင် အရပ်ဝတ်နဲ့ ယာဉ်ထိန်းရဲ နဲ့ ရဲ ၄ ယောက်က အနက်ရောင်ကားတစ်စီးနဲ့ရောက်လာပြီး ပြည်သူတွေက စစ်ဆေးရာ အမှုမှန်ပေါ်ပေါက်သွားပါတယ်။

Zalen ad

ဒါကြောင့် ၎င်းတို့ကိုထိန်းသိမ်းစောင့်ရှောက်ထားပြီး ဧပြီလ (၂)ရက်နေ့က ပြည်သူဘက်က ဖမ်းဆီးထားတဲ့ ဒလံ ၇ ယောက်နဲ့ စစ်တပ်ဖက်က ဖမ်းဆီးထားတဲ့ လူ ၉ ယောက် အချင်းချင်းလှယ်လဲကြပါတယ်။

နောက်ဆုံးရသတင်းများ

မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်း သူများကိုနှိမ်နင်းရန် အထူးတပ်ဖွဲ့ CoBRA တပ်ရင်း (၃) ရင်းစေလွတ်

ဇွန်  ၉၊  ၂၀၂၆ Zalen  အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်သောင်းကျန်းသူများကိုနှိမ်နင်းရန် CRPF ညွန်းကြားရေးမှုချူပ်က အထူးတပ် CoBRA တပ်ဖွဲ့ တပ်ရင်း(၃) ရင်းကိုစေလွတ်ထားတယ်လို့ ဒေသသတင်းများဖော်ပြချက်အရသိရပါတယ်။ အခုလို စေလွတ်ထားတဲ့ အထူးလှုပ်ရှားတပ် CoBRA တပ်ရင်း (၃) ...

ဆက်ဖတ်ရန်