ဧပြီ ၃၀၊၂၀၂၆
Zalen
မကွေးတိုင်း ၊ ဆောမြို့နယ် ၊ကျောက်ထု နဲ့ ချင်းပြည်နယ်၊ မင်းတပ်နယ် စပ်ကြားတွေကို ဒီကနေ့ ဧပြီလ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ၀န်းကျင်မှာ ဂျက်ဖိုက်တာ ၄ စီး ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အမတ ၃၆၈တပ်ရင်းထဲကို စစ်ကောင်စီက ရိက္ခာ တွေဖြည့်နေတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီတပ်က မကွေး ၊ နေပြည်တော် ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တွေနဲ့ ၁၀ ကြိမ် ထက်မနည်း ဆက် တိုက်ကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ ဒေသခံအမျိုးသားတစ်ဦး က ” ကျန်တောအနောက်ရော။ပြင်လယ်အနောက်ရော။သန်းဦးချောက်တောစပ်တွေရော။ မင်းတပ်နဲ့ ကျောက်ထုတောစပ်တွေရော အကုန် လိုက်ပစ်နေတာ”လို့ Zalen ကို ပြောပါတယ်။
ဆက်လက်ပြီး ဒီကနေ့ မွန်းလွဲ ၁ နာဂီ၀န်းကျင်မှာ အမတ ၃၆၈ တပ်ရင်း ထဲကို စစ်ကောင်စီ ထောက်ပို့ယာဉ် Y-12 တစ်စီး နဲ့ လက်နက် ၊ ခဲယမ်းတွေ ထပ်မံဖြည့်တင်းပေးတားဖြစ်ပြီး အထုပ် ၇ ထုပ်ခန့်ချထားပေးတယ်လို့ သူက ဆက်ရှင်းပြပါတယ်။
ဒါ့အပြင် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက် ပြီးနောက် အမတ ၃၆၈ တပ်ရင်းကနေ လက်နက်ကြီးတွေ ၅ လုံးထက်မနည်း ကျောက်ထု အနောက်တောင်ဘက်ခြမ်းတွေကိုရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
ကင်းထောက် ၊ထောက်ပို့ယာဉ်က အမတ ၃၆၈ တပ်ရင်းထဲကို ပစ္စည်းတွေ ချပေးချိန် ဂျက်
ဖိုက်တာ တစ်စီးက လုံခြုံရေးယူပြီး ကင်းထောက်ပျံသန်းမှုတွေပြုလုပ်နေတယ်လို့
ဒေသခံတွေကပြောပါတယ်။
မနေ့က မနက်ပိုင်း ၁၀ နာရီ ၀န်းကျင်မှာ လည်းကျောက်ထုအမြောက်တပ် ရှိစစ်ကောင်စီတပ်ဖွဲ့တွေအတွက် Y-8 ထောက်ပို့ယာဉ် တစ်စီးနဲ့ ရိက္ခာထုပ် ၉ ထုပ်ချထားပေးခဲ့ပြီး အဆိုပါ ရိက္ခာထုပ်တွေထဲမှာ လစာငွေ တွေပါ၀င်တယ်လို့ ဒေသ တွင်စ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အမတ ၃၆၈ တပ်ရင်းကနေ စစ်ကြောင်းထွက်ပြီး ကံကြီးရွာကိုရောက်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀၀ ၀န်းကျင်ကလည်း လက်ရှိအချိန်ထိ ကံကြီးရွာထဲမှာပဲ ရှိနေကြသေးတယ်လို့ သိရပလတယ်။
ဒီနေ့ ဧပြီလ ၃၀ (ကြာသပတေးနေ့) ကတော့ မြန်မာဗုဒ္ဓဘာသာ၀င်တွေ အမြတ်တနိုးထားတဲ့ ခါကြီးရက်ကြီး ကဆုန်လပြည့်နေ့ ၊ညောင်ရေ သွန်းတဲ့နေ့ဖြစ်ပေမယ့် စစ်ကောင်စီတပ်ကတော့ သူဆုံးရှုံးတဲ့ နယ်မြေတွေကို သူတို့အားကိုးတဲ့ လေယာဉ်တွေနဲ့ အစွမ်းကုန်ရက်စက်ယုတ်မာနေကြတာဖြစ်ပါတယ်။
သတင်း – ယောနေ
ဓာတ်ပုံ – MHN











