ချင်းလူမျိုး ၅၃ မျိုးကို မပြင်နိုင်ပါက ပြည်နယ်တွင်ကြီးမားတဲ့အန္တရာယ်ကျနိုင်ဟုဆို

ချင်းလူမျိုး ၅၃ မျိုးကို မပြင်နိုင်ပါက ပြည်နယ်တွင်ကြီးမားတဲ့အန္တရာယ်ကျနိုင်ဟုဆို

ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုး (၅၃)မျိုးကို မပြင်နိုင်ပါက ရခိုင်ပြည်နယ်က ဘင်္ဂလီပြဿနာထက်ကြီးမားတဲ့ပြဿနာ ချင်းပြည်နယ်တွင်ဖြစ်ပေါ်လာနိုင်တယ်လို့ အမျိုးသားလွှတ်တော်တွင် ပူးဂင်ကမ်းလျန်ကပြောပါတယ်။

ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်က “မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး (၅၃)မျိုးဟု ဖော်ပြထားခြင်းကို မြေပြင်ကွင်းဆင်း စိစစ်၍ ပြန်လည်သုံးသပ်ရန် အစီအစဉ် ရှိ/မရှိ”ဆိုတဲ့မေးခွန်းကိုမေးမြန်းထားပါတယ်။

ပူဂင်ကမ်းလျန်က “မေးမြန်းရတဲ့အကြောင်းရင်းကတော့ ချင်းပြည်နယ်တစ်ခုတည်းမှာ တိုင်းရင်းသား ၅၃ မျိုးရှိတယ်ဆိုပြီး သန်ခေါင်စာရင်းတွင် ကုတ်နံပတ် ၄၀၁ ကနေ ၄၅၃ လို့ဖော်ပြထားတယ်။ အဲ့ဒါမှားယွင်းနေကြောင်း ဌာနေတိုင်းရင်းသားများကောင်းကောင်းသိရှိပါတယ်။ ချင်းပြည်နယ် မှာတိုင်းရင်းသား ၅၃ မျိုးဟာမှားယွင်းကြောင်း အထောက်အထားနဲ့ကျနော်ပြောပြပါမယ်။ ဥပမာ ကုတ်နံပါတ် ၄၃၁ နာဂတိုင်းရင်းသားများပါဝင် ပါတယ်။ ခုခါ နာဂတိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်ရရှိနေပါပြီ။ ပြီးတော့ ကုတ်နံပါတ် ၄၀၂ မေသေ (ခ)ကသည်းလူမျိုး များမှာ အိန္ဒိယနိုင်ငံ မဏီပူရပြည်နယ်မှာရှိတဲ့လူမျိုးများဖြစ်တယ်။ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာရင်းသေချာစိစစ်ရင် ၆ မျိုး၊ ၇ မျိုးသာရှိမယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ ချင်းပြည်နယ်ယဉ်ကျေးမှု ပြန်၊ဆက်ဌာနမှာတွေ့ရတယ်။ ဆွေမျိုးစုအဆင့်ကို လူမျိုးအဆင့်အဖြစ်သတ်မှတ်တာတွေ့ရတယ်။ ဇိုမီးတိုင်းရင်းသားက ချင်းလူဦးရေရဲ့ ၄ ပုံ၊ ၁ ပုံရှိပေမယ့်ချင်း လူမျိုး ၅၃ မျိုး စာရင်းတွင်မဖော်ပြထားခြင်းမှာစိတ်မကောင်းစရာတစ်ခုဖြစ်တယ်။ ၅၃ မျိုးကိုမပြင်နိုင်ဘူးဆိုရင် ချင်းပြည်တွင်ကြီးမားတဲ့အန္တရာယ်ကျနိုင်ပါတယ်။ တချိန်မှာ ကသည်းလူမျိုးတွေက ကျနော်တို့ဟာ ချင်းလူမျိုး ကုတ်နံပတ်ရှိတဲ့တွက် တိုင်းရင်းသားပေးပါဆိုလို့ရှိရင် နိုင်ငံတော်က တိုင်းရင်းသားပေးရမလားဆိုတာစဉ်းစားစရာဖြစ်နေပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ရခိုင်ပြည်နယ်က ဘင်္ဂလီပြဿနာထက်ကြီးမားတဲ့ပြဿနာကြုံတွေ့နိုင်ပါတယ်” လို့ပြောပါတယ်။

ယင်းမေးခွန်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းမေးခွန်းတွင် လူမျိုးမေးခွန်း ထည့်သွင်းရာ၌ လူမျိုးအမည်များ မှားယွင်းနေကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံခြင်းသည် ပကတိအခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း၊ လူမျိုးအုပ်စုကြီးများတွင် ပါဝင်သည့် လူမျိုးစုငယ်အရေအတွက်များ ကွဲလွဲနေကြောင်း၊ သီးခြားလူမျိုး သတ်မှတ်ပေးရေးကိစ္စ၊ မျိုးနွယ်စု ပြောင်းလဲသတ်မှတ်ရေးကိစ္စ၊ တိုင်းရင်းသားလူမျိုးများအဖြစ် သတ်မှတ်ပေးရေးကိစ္စ စသည့် တောင်းဆိုမှုများစွာ ရှိခဲ့ပါကြောင်း။ တိုင်းရင်းသားမျိုးနွယ်စုများ၏ အမည်ပြင်ဆင်သတ်မှတ်ခြင်း၊ လူမျိုးနွယ်စုများ ပြန်လည်သတ်မှတ်ခြင်းကိစ္စသည် ခက်ခဲပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစဉ် များလည်း များပြားပါကြောင်း၊ တိုင်းရင်းသားများအားလုံးကို တစ်ပြေးညီ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး (၅၃)မျိုးဟု ဖော်ပြထားခြင်း ကို မြေပြင်ကွင်းဆင်းစိစစ်ကာ ပြန်လည်သုံးသပ်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါတယ်။

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံး၊ဒဏ်ရာရရှိသူများရှိ

၂၁ ၊မေ ၊၂၀၂၄ Zalen ချင်းပြည်နယ်၊၊ မင်းတပ်မြို့နယ် ၊တိုက်နယ်အမှတ်(၂)၊ ချပ်ကျေးရွာတွင် မေလ (၂၀)ရက်ည ၁၁နာရီ ၂၂မိနစ်ခန့်တွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁ဉီးကျဆုံး၊၇ ဉီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မနေ့နေ့လည်ပိုင်းမှာစစ်ကောင်စီရဲ့ကင်းထောက်လေယာဉ် Y-12ဟာယော၊ချင်း(မင်းတပ်)ဘက်တွေမှာပျံသန်းနေတာလို့သိရှိရပါတယ်။ စစ်ကောင်စီရဲ့ကင်းထောက်ယာဉ်တွေပျံဝဲလာရင်လေကြောင်းတိုက်ခိုက်မှုတွေရှိနေတယ်လို့ မင်းတပ်မြို့နယ် ...

ဆက်ဖတ်ရန်