ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း နှုတ်ထွက်စာတင်

 

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း နှုတ်ထွက်စာတင်
ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်းဟာ ဒီကနေ ကျင်းပတဲ့ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ နှုတ်ထွက်စာတင်ထားတယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့ပြည်နယ်လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ (၂၀)ရက်က အသစ်ဖွင့်လှစ်ထားတဲ့ လွှတ်တော်အစည်းအဝေးခန်းမမှာ ပထမဆုံးအကြိမ်လွှတ်တော်ကျင်းပတဲ့နေ့လည်းဖြစ်ပါတယ်။

မတူပီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က “ဒီနေ့ လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းက လွှတ်တော်ထဲမှာ နှုတ်ထွက်စာတင်ထားတယ်။ ဒါကို ကိုယ်စားလှယ်အားလုံးက သဘောတူထားတယ်။ သူဘာကြောင့်စာတင်တာလဲဆိုရင် ရိုးရိုးရှင်းရှင်းပဲ အနားယူချင်တာကြောင့် တဲ့။ အခုလွှတ်တော်အစည်းအဝေးမှာ အစားထူး ဒုဥက္ကဌနာမည်တင်မလာမသိဘူး” လို့ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင် လက်မှတ်နဲ့ ဦးအောင်သန်းကို လိပ်မူကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်တွင် သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။ ယင်းစာထဲတွင် လူကြီးမင်းသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမျို့ညွှန့်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဒေါက်တာမြင့်နိုင်နဲ့ ဒေါက်တာဇော်မြင့်မောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌတို့ရှေ့မှောက်တွင် မိမိကိုယ်တိုင် ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌတာဝန်မှ မိမိဆန္ဒသဘောထားအတိုင်း နုတ်ထွက်ပါမည်လို့ ကတိခံဝန်ပြုခဲ့ပါတယ်။
ဒါပေမယ့် လူကြီးမင်းဟာ ယနေ့အချိန်ထိ တာဝန်မှ နုတ်ထွက်ခြင်းမပြုဘဲ ခွင့်ရက်ရယူခံစားနေကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် ကတိပြုထားတဲ့အတိုင်း ဖေဖော်ဝါရီလ(၂၃)ရက် နောက်ဆုံးထား၍ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌတာဝန်များမှ နုတ်ထွက်ပါရန်နဲ့ နုတ်ထွက်ခြင်းမပြုပါက လွတ်တော်အတွင်း ပြစ်တင်ရှုတ်ချနုတ်ထါက်စေမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်လို့ ရေးသားထားပါတယ်။

ဦးအောင်သန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားသော်လည်း “မအားသေးလို့ပါ”လို့ပြန်လည်ဖြေကြားပြီးဖုန်းချလိုက်ပါတယ်။

အာင်သန်းဟာ ၁၉၉၀ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့ပြီး ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်