ချင်းပြည်နယ် U-12 အသင်းနဲ့ မကွေးအသင်း မနက်ဖြန် Semi-Final ကစားမယ်

တိုင်းနဲ့ပြည်နယ် U-12 ဘောလုံးပြုင်ပွဲမှာ ချင်းအသင်းက ကွာတားဖိုင်နယ်တွင် ကရင်ပြည်နယ်ကို ၃း၁ ဂိုးဖြင့် အနိုင်ရသဖြင့် ဆီမီးဖိုင်နယ်ကစားခွင့်ရရှိသွားပါတယ်။

ယင်းဘောလုံးပြိုင်ပွဲဟာဆိုရင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ မြန်မာဘောလုံးအကယ်ဒမီ  မြက်ခင်းတုကွင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။

ချင်းပြည်နယ် U-12 အသင်းသားတွေနဲ့အတူ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်၊ Chinland FC မိသားစုများအားတွေ့ရစဉ်(Photo: Chinland FC)

Zalen ad

ချင်းပြည်နယ် U-12 အသင်းရဲ့ နည်းပြကတော့ ဆရာဦးကီးလိန်းဖြစ်ပြီး ၎င်းဦးဆောင်မှုနဲ့ ချင်းအသင်းက ကချင်ကို(၃း၁)ဂိုး၊ မန္တလေးကို (၂းဝ)ဂိုး၊ ရန်ကုန်ကို (၃း၁)ဂိုး၊ ကရင်ကို(၃း၁)ဂိုးဖြစ်အနိုင်ရရှိခဲ့ပါတယ်။ ယင်းကစားသမားတွေဟာ ချင်းပြည်နယ်ကိုယ်စား မင်းတပ်မြို့နယ် ကစားသမားတွေလာရောက်ယှဉ်ပြိုင်တာဖြစ်တယ်။

ဆီမီးဖိုင်နယ်ကိုတော့ ဒီဇင်ဘာ (၁၂) ညနေ (၄)နာရီမှာ မကွေးအသင်းနဲ့ သုဝဏ္ဏမြက်ခင်းတုကွင်းမှာကစားမှာဖြစ်ပြီး ဗိုလ်လုပွဲကို ဒီဇင်ဘာ (၁၄)ရက် ညနေ (၄)နာရီမှာ ကစားမှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်တက်ခွင့်ရတဲ့ ချင်းပြည်နယ် U-12 အသင်းသားတွေကို Chinland FC၊ နဲ့ Chin United FC တာဝန်ရှိသူတွေက လာရောက်အားပေးကြတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်