ချင်းလဲန်ဒလန်ရှင်းလင်းရေးအဖွဲ့က ဒလန် ၂ယောက်ကိုရှင်းလင်းလိုက်တယ်လို့ဆို

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၉မိုင် နဲ့ ဖလမ်းမြို့နယ်ကြားမှာ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွင် ဒလန် ၂ ယောက်ရှင်းလင်းလိုက်တယ်လို့ ချင်းလဲန်ဒလန်ရှင်းလင်းရေးအဖွဲ့ထံမှသတင်းရရှိပါတယ်။

ယင်းဒလန် နှစ်ယောက်ကို စောင့်ကြည့်ကာ ပြည်သူနဲ့ အနီးစပ်ဆုံးတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အတည်ပြုချက်ရယူကာ သက်သေခိုင်ခိုင်လုံလုံရရှိပြီးမှ ရှင်းလင်းတာလို့ဆိုပါတယ်။

ချင်းလဲန်ဒလန်ရှင်းလင်းရေးအဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက “ကျနော်တို့က တော်လှန်ရေးအဖွဲ့အကုန်လုံးနဲ့အချိတ်အဆက်ရှိတယ်။ သူတို့တွက်ခက်ခဲတဲ့အရာလေးတွေ ကျနော်တို့အတွက်လွယ်ကူတဲ့အရာလေးတွေကို ရှင်းလင်းရေးလုပ်ပေးတာပေါ့နော်။ ကျနော်တို့လုပ်တော့မယ့်ဆိုရင် ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်မဟုတ်ဘဲ အနီးစပ်ဆုံးတော်လှန်ရေးအဖွဲ့တွေကလည်းအတည်ပြုတယ်။ ပြည်သူတွေကလည်းအတည်ပြုတယ်ဆိုရင် အကြာကြီးဖမ်းချုပ်ထားပြီးမှ လုပ်တယ်။ ကျနော်တို့ ဖမ်းထားတာတော့ကြာပြီး ၂၉ နဲ့ ၃၀ မှာပဲရှင်းတာ။ သူတို့ဖုန်းတွေစစ်ဆေးတဲ့ချိန်မှာလည်း အချိတ်အဆက်တွေအများကြီးရှိတာပေါ့နော်။ အကြာကြီးစောင့်ကြည့်ပြီးမှလုပ်ထားတာပါ။ သူတို့နာမည်တွေကတော့ ပြောလို့မရသေးဘူး။ အခြေအနေငြိမ်သွားရင်ထုတ်ပြန်မှာပါ။ ကျနော်တို့ရှင်းထားတဲ့တစ်ယောက်ဟာဆိုရင် အကြီးပိုင်းပေါ့နော်။ သူတို့အားကိုးရတဲ့ပုဂ္ဂိုလ်ပါ။ လက်နက်လည်းမရှိတော့ ကိုယ့်တတ်နိုင်တဲ့ဘက်ကနေလုပ်တာပါ။
အခုလည်း ပြည်သူတွေသတင်းပေးထားတဲ့ ဒလန် ၃ ယောက်ရှိတယ်။ မျက်ခြေလိုက်နေတယ်။
ချင်းပြည်နယ်မှာ နောက်ထပ် စစ်ကောင်စီဖက် သတင်းပေးမရှိအောင် လုပ်ဆောင်သွားမှာပါ” လို့ပြောပါတယ်။

Zawgyi

ခ်င္းလဲန္ဒလန္ရွင္းလင္းေရးအဖြဲ႔က ဒလန္ ၂ေယာက္ကိုရွင္းလင္းလုိက္တယ္လုိ႔ဆို

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ၉မိုင္ နဲ႔ ဖလမ္းၿမိဳ႕နယ္ၾကားမွာ နိုဝင္ဘာ ၂၉ ရက္နဲ႔ ၃၀ ရက္တြင္ ဒလန္ ၂ ေယာက္ရွင္းလင္းလိုက္တယ္လို႔ ခ်င္းလဲန္ဒလန္ရွင္းလင္းေရးအဖြဲ႕ထံမွသတင္းရရွိပါတယ္။

ယင္းဒလန္ ႏွစ္ေယာက္ကို ေစာင့္ၾကည့္ကာ ျပည္သူနဲ႔ အနီးစပ္ဆံုးေတာ္လွန္ေရးတပ္ဖြဲ႔ေတြရဲ႕ အတည္ျပဳခ်က္ရယူကာ သက္ေသခိုင္ခုိင္လံုလံုရရွိၿပီးမွ ရွင္းလင္းတာလုိ႔ဆုိပါတယ္။

ခ်င္းလဲန္ဒလန္ရွင္းလင္းေရးအဖြဲ႔ရဲ႕ တာဝန္ခံတစ္ဦးက “က်ေနာ္တုိ႔က ေတာ္လွန္ေရးအဖြဲ႔အကုန္လံုးနဲ႔အခ်ိတ္အဆက္ရွိတယ္။ သူတုိ႔တြက္ခက္ခဲတဲ့အရာေလးေတြ က်ေနာ္တုိ႔အတြက္လြယ္ကူတဲ့အရာေလးေတြကို ရွင္းလင္းေရးလုပ္ေပးတာေပါ့ေနာ္။ က်ေနာ္တုိ႔လုပ္ေတာ့မယ့္ဆိုရင္ ကုိယ့္ရဲ႕ပုဂၢိဳလ္ေရးဆံုးျဖတ္ခ်က္မဟုတ္ဘဲ အနီးစပ္ဆံုးေတာ္လွန္ေရးအဖြဲ႔ေတြကလည္းအတည္ျပဳတယ္။ ျပည္သူေတြကလည္းအတည္ျပဳတယ္ဆိုရင္ အၾကာၾကီးဖမ္းခ်ဳပ္ထားၿပီးမွ လုပ္တယ္။ က်ေနာ္တို႔ ဖမ္းထားတာေတာ့ၾကာၿပီး ၂၉ နဲ႔ ၃၀ မွာပဲရွင္းတာ။ သူတို႔ဖုန္းေတြစစ္ေဆးတဲ့ခ်ိန္မွာလည္း အခ်ိတ္အဆက္ေတြအမ်ားၾကီးရွိတာေပါ့ေနာ္။ အၾကာၾကီးေစာင့္ၾကည့္ၿပီးမွလုပ္ထားတာပါ။ သူတို႔နာမည္ေတြကေတာ့ ေျပာလုိ႔မရေသးဘူး။ အေျခအေနၿငိမ္သြားရင္ထုတ္ျပန္မွာပါ။ က်ေနာ္တုိ႔ရွင္းထားတဲ့တစ္ေယာက္ဟာဆိုရင္ အၾကီးပိုင္းေပါ့ေနာ္။ သူတို႔အားကိုးရတဲ့ပုဂၢိဳလ္ပါ။ လက္နက္လည္းမရွိေတာ့ ကိုယ့္တတ္ႏိုင္တဲ့ဘက္ကေနလုပ္တာပါ။
အခုလည္း ျပည္သူေတြသတင္းေပးထားတဲ့ ဒလန္ ၃ ေယာက္ရွိတယ္။ မ်က္ေျခလိုက္ေနတယ္။
ခ်င္းျပည္နယ္မွာ ေနာက္ထပ္ စစ္ေကာင္စီဖက္ သတင္းေပးမရွိေအာင္ လုပ္ေဆာင္သြားမွာပါ” လို႔ေျပာပါတယ္။

 

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်