စစ်ကောင်စီကခန့်အပ်တဲ့ ဥပဒေချုပ်ရာထူးကို ဦးခွထီးယို ငြင်းဆန်

အာဏာသိမ်းစစ်ကောင်စီကဖွဲ့စည်းတဲ့ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေချုပ်ရာထူးကို ဦးခွထီးယိုက ပြန်လည်ငြင်းဆန်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ပြည်နယ်ဥပဒေအရာရှိ အဆင့်-၁ (ငြိမ်း) ဦးခွထီးယိုဟာ မတ်လ (၅)ရက်နေ့တွင် စစ်ကောင်စီက ချင်းပြည်နယ် ဥပဒေချုပ်ရာထူး ခန့်အပ်ကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြထားပါတယ်။

ချင်းပြည်နယ် စစ်ကောင်စီကော်မတီဥက္ကဌ ဦးငွန်ဆန်းအောင်က “ဦးခွထီးယိုက ကျန်းမာရေးအခြေအနေမကောင်းလို့ဆိုပြီး ငြင်းလိုက်တယ်။ သူက တိုင်းမှူးကိုပဲအကြောင်းကြားတာဆိုတော့ ဘယ်နေ့က ငြင်းလိုက်တာလဲမသိဘူး။ သူလက်မခံရင်တော့ အခြားတစ်ယောက်ထပ်ရှာဖို့လိုမှာပေါ့” လို့ပြောပါတယ်။

Zalen ad

အရင်က ဦးခွထီးယိုကို ယင်းကိစ္စ သတင်းမေးမြန်းဖို့ ဖုန်းဆက်ပေမယ့် မီဒီယာတွေနဲ့ မဆက်သွယ်လိုကြောင်းပြောကာ ဖုန်းပြန်ချလိုက်ပါတယ်။

ဦးခွထီးယို ဟာ သမ္မတဦးသိန်းစိန်လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဦးခွထီးယိုဟာ ကလေးမြို့နယ် ကြံခိုင်းရေးဥက္ကဌဟောင်းဖြစ်သလို ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီးနေရာကို ကြံခိုင်ရေးပါတီကိုယ်စားလှယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်