စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရုရှားကူညီမည်

၄၊ နို၀င်ဘာ၊ ၂၀၂၄

Zalen

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ရုရှားက ကူညီဖို့ရှိနေပြီး ရုရှားနိုင်ငံ ဗဟိုရွေး ကောက်ပွဲကော်မရှင်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်တို့ နှစ်ဖက်နားလည်မှု စာချွန်လွှာ (MOU) ကိုလည်း ဒီဇင်ဘာ ၃ ရက်က လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံ သတင်းစာ‌ တွေမှာ ဒီကနေ့ ဖော်ပြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနဲ့ ရုရှားနိုင်ငံရဲ့ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool တို့ တွေ့ဆုံချိန်မှာ MOU လက်မှတ်ထိုးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Zalen ad

ဒါ့အပြင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မယ့်အခြေအနေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ရုရှားလွှတ်တော် ဒုဥက္ကဋ္ဌနဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီဇင်ဘာ ၃ရက်နေ့ တွေ့ဆုံချိန်မှာ ရွေးကောက်ပွဲကျင်းပချိန်မှာလည်း ရုရှားနိုင်ငံက လေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမှာဖြစ်ပြီး ဥပဒေရေးရာမှာလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ်လို့ ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍမှာပါ ပူးပေါင်းမယ်လို့ သိရပါတယ်။

ရုရှားဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဟာ ဒီဇင်ဘာ ၁ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပြီး ရန်ကုန်လေဆိပ်ဆိုက်ရောက်ချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ရဲ့ ဗဟိုကော်မတီဝင်တွေကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်