ဆန်းသစ်တီထွင်မှုကြောင့် ကြီးပွားမှုကို ရှင်းပြနိုင်ခဲ့တဲ့ စီးပွားရေးပညာရှင် သုံးဦး နိုဘယ်ဆု ရရှိ

အောက်တိုဘာ ၁၃၊ ၂၀၂၅

Zalen

၂၀၂၅ ခုနှစ်အတွက် စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုကို ဆန်းသစ်တီထွင်မှုကြောင့် စီးပွားရေး ကြီးထွားမှုကို သုတေသနပြုခဲ့တဲ့ စီးပွားရေးပညာရှင် သုံးဦးကို ပူးတွဲချီးမြှင့်လိုက်တယ်လို့ ဒီနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဆုရရှိသူများမှာ ဂျိုးလ် မိုကီရ် ၊ ဖိလစ် အာဂီယွန် နဲ့ ပီတာ ဟောင်ဝစ်တ်တို့ဖြစ်ပါတယ်။

Zalen ad

ဆုရှင်ရရှိသူများဟာ ကမ္ဘာ့စီးပွားရေး ရေရှည်တိုးတက်မှု ဖြစ်ပေါ်လာပုံကို ရှင်းပြခဲ့တဲ့အတွက် ဂုဏ်ပြုခံရတာဖြစ်ပါတယ်။ ၎င်းတို့ရဲ့ သုတေသနပြုချက်များတွင် အဓိက သော့ချက်မှာ “ဖန်တီးဖျက်ဆီးခြင်း” (Creative Destruction) သီအိုရီဖြစ်ပါတယ်။

အာဂီယွန်နဲ့ ဟောင်ဝစ်တ် တို့က စီးပွားရေး တိုးတက်မှုဟာ ပိုကောင်းမွန်တဲ့ နည်းပညာအသစ်များ ဝင်ရောက်လာပြီး အဟောင်းများကို ဖယ်ရှားခြင်းမှတစ်ဆင့် ဆက်လက် ဖြစ်ပေါ်နေကြောင်းကို သင်္ချာပုံစံဖြင့် ရှင်းပြခဲ့တာဖြစ်ပါတယ်။

မိုကီရ် ကမူ နည်းပညာ တိုးတက်မှု အောင်မြင်စေဖို့အတွက် လူ့အဖွဲ့အစည်းဟာ သိပ္ပံနည်းကျ ရှင်းပြချက်များ လိုအပ်ပြီး အယူအဆအသစ်များအပေါ် ပွင့်လင်းရမှာဖြစ်ကြောင်း သမိုင်းဆိုင်ရာအထောက်အထားများနဲ့ ဖော်ထုတ် ပြသခဲ့ပါတယ်။

နိုဘယ်ကော်မတီက ၎င်းတို့ရဲ့ လုပ်ငန်းဟာ စီးပွားရေး တိုးတက်မှုကို အဆက်မပြတ် ဆက်လက်ထိန်းသိမ်းထားဖို့ မည်သို့ဆောင်ရွက်ရမည်ကို ပြသခဲ့တယ်ဟု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်