ဆောမြို့နယ်အတွင်းစစ်ကောင်စီရဲ့ ရက် ၁၀၀ စီမံချက် စတင်၊ အင်အား ၁,၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ပြည်သူများ အရေးပေါ်တိမ်းရှောင်ရန် သတိပေး

မေ ၁၃၊ ၂၀၂၆
Zalen

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်းရှိ ကျောက်ထု နှင့် ဆောမြို့နယ် တွေကို ရက်ပေါင်း ၁၀၀ စီမံချက်နဲ့ အင်အားအလုံး အရင်း သုံးကာ နယ်မြေပြန်လည်စိုးမိုးရယူနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလာနေ တာတွေ့ရပါတယ်။

ဒီကနေ့ မေလ ၁၃ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ် အင်အား ၁၀၀၀ ခန့်ရှိတဲ့ ကုန်းကြောင်းအပြင် လေကြောင်းပစ်ကူ‌ တွေပါအသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာနေပြီဖြစ်တယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်မှာ လောင်းရှည်-ဆော လမ်းပိုင်းနှင့် တပြင်း-ကျောက်ထု လမ်းပိုင်းတလျှောက်ရှိ ကျေးရွာနေပြည်သူများအားလုံး ဘေးလွတ်ရာနှင့် လုံခြုံစိတ်ချရတဲ့နေရာတွေမှာ သတိရှိရှိနဲ့ အမြန်ဆုံးရွှေ့ပြောင်း နေထိုင်ကြဖို့ အသိပေးထားပါတယ်။

Zalen ad

ဒါ့အပြင် စစ်ရေးအခြေအနေ တင်းမာနေတဲ့ အဆိုပါ လမ်းပိုင်း တွေမှာ အရေးပေါ်လိုအပ်ချက်မရှိဘဲ ခရီးသွားလာခြင်းများ လုံးဝမပြုလုပ်ကြဖို့ ၊စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တွေရှိလာနိုင်လို့ လေယာဉ်သံကြားတာ နှင့် ဗုံးခိုကျင်းအတွင်းသို့ အချိန်မီဝင်ရောက်ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။

အဲဒီနောက် ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေများကို အမြဲမပြတ် နားစွင့်စောင့်ကြည့်နေကြဖို့ ၊ ဆောမြို့နယ် ပကဖ အနေနဲ့လည်း စစ်ရေးအရ ထူးခြားမှုများ ထပ်မံရှိလာပါက ပြည်သူများထံ အချိန်နှင့်တပြေးညီ အသိပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

လောင်းရှည် ကပစ ၂၅ ကနေထွက်တဲ့ စစ်ကောင်စီ စစ်ကြောင်း ၅၀၀ ခန့်က လက်ရှိမှာ တောင်ဘို့ကြီးဘုန်းကြီးကျောင်းမှာ နေရာယူထားပြီး ဆောမြို့ပေါ်ရောက်ဖို့ ၉ မိုင် ၀န်းကျင်တာလိုတော့တာ ဖြစ်ပါတယ်။

ကပစ ၂၂ ကနေထွက်လာပြီး ပေါက်မြို့ဖြတ်လာတဲ့ အင်အား ၅၀၀ ခန့် စစ်ကြောင်းကလည်း ပုံတောင်ခြေရင်း ကျောက်တံခါးကျေးရွာသို့ရောက်ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ ကျောက်တံခါး ကျေးရွာက စစ်ကောင်စီစစ်ကြောင်းကတော့ ဒရုန်းတွေနဲ့ လမ်းကြောင်းတွေကို ရှင်းလင်းပြီး ဂျိုင်ရိုကော်ပတာ ၊ ဂျက်ဖိုက်တာတွေနဲ့လည်း လမ်းကြောင်းရှင်းလင်း ပစ်ကူပေးနေတယ်လို့သိရပါတယ်။

သတင်း – အညာသား

ဓာတ်ပုံ-ပေးပို့

#ဆောမြို့နယ်#ကျောက်ထု#လောင်းရှည်#ပေါက်မြို့#ကျောက်တံခါး#စစ်ကောင်စီ#စစ်ကြောင်းထိုး#Zalen

နောက်ဆုံးရသတင်းများ

စစ်တကောင်းတောင်တန်းဒေသရှိ တိုင်းရင်းသားတွေ ဘေးကင်းလုံခြုံရေးအတွက် ချင်းနဲ့ ရခိုင်သို့ တိမ်းရှောင်အခြေချ နေထိုင်

မေ ၁၃၊ ၂၀၂၆ Zalen ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေကြောင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို တိတ်တဆိတ် ဝင်ရောက်ခိုလှုံတာတွေ ပိုများလာနေပါတယ်။ စစ်တကောင်းတောင်တန်းဒေသမှာ မာရမာ၊ ...

ဆက်ဖတ်ရန်