ဆောမြို့နယ်အတွင်း ဆေးကုသမှုမှားယွင်းတဲ့ သူနာပြု နှစ်ဦးကို ကာလတို ဆေးကုသခွင့်ပိတ်ထားတယ်လို့ ဆို

၅ ၊ နို၀င်ဘာ ၊၂၀၂၅

Zalen

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း နေထိုင်ကြတဲ့ သူနာပြု နှစ် ဦး ကို ဆေးကုသမှု မှားယွင်းတာကြောင့်ကာလတို ဆေးကုသခွင့် ပိတ်ပင်ထားတယ်လို့ ဆောမြို့နယ် ကျန်းမာရေးဌာန က ဆိုပါတယ်။

အဆိုပါ သူနာပြု နှစ်ဦးရဲ့ ဆေးမှားယွင်းကုသမှုကြောင့် ကလေးသေဆုံးခြင်း၊ဗိုက်ကြီးသည် မိခင်နှင့်အတူ ဗိုက်ထဲမှ ကလေးပါ သေဆုံးခြင်းများ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Zalen ad

အဲဒါနဲ့ပတ်သက်လို့ ဆောမြို့နယ်ကျန်းမာရေးပြန်ကြားရေးတာ၀န်ခံ က” သူတို့ု့ MOH အောက်မဝင်ပါဘူး။သို့သော် ကာလတို အပြစ်ပေး ဆေကုခွင့်ပိတ် ၊ မွေးခွင့်ပိတ်ထားပါတယ်” လို့ Zalen ကိုပြောပါတယ်။

ဒါ့အပြင် သူနာပြု နှစ် ယောက်လုံးက မလုပ်သင့်တဲ့ ကုသမှူများ၊ မသုံးသင့်သော ဆေးများကို သုံးခဲ့ကြတာကြောင့် ဒီလိုအရေးယူမှူ‌ တွေဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အသိပေးပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလ ၃ ရက်နေ့တုန်းက Code of Conduct (သူနာပြုနှင့်သားဖွားများ လိုက်နာရမည့်ကျင့်ထုံးများ) ကို လေ့လာလိုက်နာပေးပါရန်နှင့် ဥပဒေအကြောင်းအရာများနှင့် ငြိစွန်းလာပါက သူနာပြုနှင့်သားဖွားဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမယ်လို့ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ ကထုတ်ပြန် အသိပေးထားပါတယ်။

သတင်း/ ဓာတ်ပုံ – ယောနေ

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ မီတာခမဆောင်နိုင်တဲ့အိမ်တွေကို စစ်ကောင်စီ လျှပ်စစ်ဌာနက မီတာဘောက်တွေ လိုက်ဖြုတ်သိမ်းနေ

ဇွန် ၂၇၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မီတာခကြွေးကျန်ရှိနေတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနက မီတာဘောက်တွေ အတင်းအဓမ္မ ဖြုတ်သိမ်းတဲ့နည်းနဲ့ ဖိအားပေး ငွေကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလက်ရှိမှာ လျှပ်စစ်ဌာနက ကြွေးကျန်စုစုပေါင်းရဲ့ ထက်ဝက် ...

ဆက်ဖတ်ရန်