တကျော့ပြန် မင်းတပ်တိုက်ပွဲမှာ CDF နဲ့ CNF ရဲဘော် ၁၂ ယောက် ကျဆုံး

(ဇူလိုင် ၁၉ – ၂၃ရက်)
အပစ်ခတ်ရပ်စဲသက်တမ်းတိုးဖို့ ဆွေးနွေးမှုပျက်ပြယ်ပြီးနောက် ဇူလိုင် ၁၉ ရက်နေ့ကစပြီး စကစတပ်တွေ လှုပ်ရှား စစ်ပြင်လာတာတွေ့ရပါတယ်။ စကစ တပ်က ရွှေအောင်သာရွာဘက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ မတူပီမြို့ကနေ စစ်ကြောင်းတစ်ကြောင်း.. ဒါ့အပြင် စစ်ကူအင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာခဲ့တယ်။

ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်း ရွှေတွင်းတူးရွာမှာ CDF-Mindat နဲ့ စကစတပ်တွေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စကစဘက်က ဒဏ်ရာရသူများပြီး ကျဆုံးတွေလည်းရှိမယ် ခန့်မှန်းရပါတယ်။ စကစ တပ်တွေ နောက်ဆုတ်သွားပြီး တောထဲပျောက်သွားပါတယ်။ နေ့လယ်ပိုင်းမှာ ပိုင်းတွီရွာမှာ တစ်ကြိမ်ပြန်ပေါ်လာပြီး ခဏ တိုက်ပွဲဖြစ်ပါတယ်။ ၂၁ ရက်နေ့ညပိုင်းမှာတော့ စကစတပ်တွေ ရန်းချောင်းရွာမှာပြန်ပေါ်လာပြီး ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲကြပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းမှာ ရန်းချောင်းရွာတွင်းမှာပဲ တိုက်ပွဲဖြစ်ပြီး စကစဘက်က အကျအဆုံးရှိခဲ့ပြီး ဒဏ်ရာရသူတွေလည်း များပြားခဲ့ပါတယ်။ CDF-Mindat ကလည်း ရဲဘော်ဆလိုင်းဟုန်းအွမ် တိုက်ပွဲကျခဲ့ပါတယ်။ ဇူလိုင် ၂၂ ရက်နေ့က အမှတ် (၁) တိုက်နယ်မှာ တိုက်ပွဲပြင်းထန်နေချိန်မှာ CDF-Mindat တပ်ရင်းတချို့က မကွီအိမ်နူးမြို့ ရဲစခန်းနှင့်တပ်စခန်းကို စတင်သိမ်းပိုက်နေပြီဖြစ်ပါတယ်။ စခန်းက စကစဗိုလ်ကြီးတစ်ဦး CDM ဝင်ခဲ့ပါတယ်။

ဇူလိုင် ၂၃ မှာတော့ မကွီအိမ်နူးမြို့တပ်စခန်းက အရာခံဗိုလ်တစ်ဦးနဲ့စစ်သား ၄ ဦး ကို စခန်းကနေ အသာတကြည် ထွက်ခွာခွင့်ပေးခဲ့ပြီး ရဲစခန်းနဲ့တပ်စခန်း ၂ ခုလုံးကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

(ဇူလိုင် ၂၃ – ၂၅)
တိုက်နယ် (၁) ဘက်ခြမ်းမှာတော့ ဇူလိုင် ၂၃ ရက် မှာ စကစတပ်တွေ ရမ်ပန်းရွာအထိတက်လာပြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲကြပါတယ်။ အဲဒီနေ့မွန်းလွဲပိုင်းမှ CDF-Mindat တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စကစတပ်က ၂ ဦးကျဆုံး အများအပြားဒဏ်ရာရပြီး ညနေပိုင်းမှာလည်း တိုက်ပွဲဆက်ဖြစ်ပါတယ်။

နောက်တနေ့ ဇူလိုင် ၂၄ ရက် ကျတော့ စကစတွေနောက်ဆုတ်သွားခဲ့ပါတယ်။ CDF-Mindat က နောက်ကနေလိုက်ပြီး ရွှေတွင်းတူးရွာအထိ နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ စကစ စစ်ကူရောက်လာပြီး ဆုတ်သွားတဲ့တပ်ရင်းကို လာရောက်အင်အားဖြည့်ပြီး ပြန်တက်လာပါတယ်။ ဒီလိုနဲ့ နယ်မြေရှင်းလင်းရေး ဆင်းလာတဲ့ CDF-Mindat နဲ့ စကစ တပ်တွေ ဒန့်ဒီးရွားနားမှာတွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စကစဘက်က ထိခိုက်မှုများခဲ့ပြီး CDF-Mindat က ရဲဘော် ၄ ဉီးကျဆုံးခဲ့ပါတယ်။ ဆလိုင်း ထန်းကီးဟုန်း (ကျည်ထိ)၊
ဆလိုင်းထန်းတိတ်မာန်၊ ဆလိုင်းဟာအွမ်၊ ဆလိုင်းဘွေမာန်နိုင်း တို့ဟာ လက်နက်ကြီးထိ ကျဆုံးခဲ့ပါတယ်။

အနောက်ဘက် မတူပီကနေဆင်းလာတဲ့ စကစတပ်ရင်းက ဇူလိုင် ၂၄ ရက် မှာတော့ ရှစ်ဝါနူးရွာမှာ CDF-Mindat, CNF, CDF-Matupi စုပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ စကစဘက်က ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့ပြီး Matupi-CDF မှ ၁ ဦး၊ CNF မှ ၃ ဦး တိုက်ပွဲကျခဲ့ပါတယ်။

(ဇူလိုင် ၂၇ – ၃၀)
ဇူလိုင် ၂၇ ရက် နေ့မှာတော့ မကွီအိမ်နူးစခန်းကို ဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်း ကန်ပက်လက်မြို့နယ်ထဲကနေ ချီတက်လာခဲ့ပါတယ်။ မင်းတပ်နှင့် ကန်ပက်လက်နယ်စပ်နားက ခါနန်းရွာမှာ အဲဒီချီတက်လာတဲ့ စကစ စစ်ကြောင်းကို CDF-Mindat, CDF-Kanpetlet ပူးပေါင်းတပ်တို့က ဆီးကြိုတိုက်ခိုက်ခဲ့ပြီး စကစတပ်တွေ အကျအဆုံးများစွာ ပြန်ဆုတ်သွားခဲ့ရပါတယ်။ စကစဘက်က အနည်းဆုံး ၁၀ ဦးကျဆုံး၊ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး CDF ဘက်ကတော့ ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

ဇူလိုင် ၂၉ မှာတော့ မင်းတပ်-မတူပီလမ်း ၇၄ မိုင်မှာ CDF-Mindat, CNF, CDF-Matupi နှင့် (၂၄ ရက်နေ့ ရှစ်ဝါနူးတိုက်ပွဲက စကစတပ်တို့) တိုက်ပွဲပြန်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဟာ ညနေ ၇ နာရီဝန်းကျင်ကစပြီး ည ၁၂ နာရီကျော်အထိ ဖြစ်ပွားခဲ့ပါတယ်။ CDF-Matupi က ၃ ဦးကျဆုံးပြီး တစ်ဉီးဒဏ်ရာရခဲ့ပါတယ်။ စကစဘက်က အနည်းဆုံး ၄ ဦးကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့သိရပါတယ်။

ယနေ့ ဇူလိုင် ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ကစပြီး ၇၆ မိုင်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲက ကျဆုံး၊ ဒဏ်ရာစာရင်းတွေကိုတော့ မသိရသေးပါဘူး။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့

(Zawgyi)
တေက်ာ့ျပန္ မင္းတပ္တိုက္ပြဲမွာ CDF နဲ႔ CNF ရဲေဘာ္ ၁၂ ေယာက္ က်ဆုံး

(ဇူလိုင္ ၁၉ – ၂၃ရက္)
အပစ္ခတ္ရပ္စဲသက္တမ္းတိုးဖို႔ ေဆြးေႏြးမႈပ်က္ျပယ္ၿပီးေနာက္ ဇူလိုင္ ၁၉ ရက္ေန႔ကစၿပီး စကစတပ္ေတြ လႈပ္ရွား စစ္ျပင္လာတာေတြ႕ရပါတယ္။ စကစ တပ္က ေ႐ႊေအာင္သာ႐ြာဘက္ကေန စစ္ေၾကာင္းတစ္ေၾကာင္း၊ မတူပီၿမိဳ႕ကေန စစ္ေၾကာင္းတစ္ေၾကာင္း.. ဒါ့အျပင္ စစ္ကူအင္အား အမ်ားအျပားနဲ႔ ထိုးစစ္ဆင္လာခဲ့တယ္။

ဇူလိုင္ ၂၁ ရက္ေန႔ မနက္ပိုင္း ေ႐ႊတြင္းတူး႐ြာမွာ CDF-Mindat နဲ႔ စကစတပ္ေတြ စတင္တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ စကစဘက္က ဒဏ္ရာရသူမ်ားၿပီး က်ဆုံးေတြလည္းရွိမယ္ ခန႔္မွန္းရပါတယ္။ စကစ တပ္ေတြ ေနာက္ဆုတ္သြားၿပီး ေတာထဲေပ်ာက္သြားပါတယ္။ ေန႔လယ္ပိုင္းမွာ ပိုင္းတြီ႐ြာမွာ တစ္ႀကိမ္ျပန္ေပၚလာၿပီး ခဏ တိုက္ပြဲျဖစ္ပါတယ္။ ၂၁ ရက္ေန႔ညပိုင္းမွာေတာ့ စကစတပ္ေတြ ရန္းေခ်ာင္း႐ြာမွာျပန္ေပၚလာၿပီး ႐ြာဘုန္းႀကီးေက်ာင္းမွာ တပ္စြဲၾကပါတယ္။

ဇူလိုင္ ၂၂ ရက္ေန႔ မနက္ပိုင္းမွာ ရန္းေခ်ာင္း႐ြာတြင္းမွာပဲ တိုက္ပြဲျဖစ္ၿပီး စကစဘက္က အက်အဆုံးရွိခဲ့ၿပီး ဒဏ္ရာရသူေတြလည္း မ်ားျပားခဲ့ပါတယ္။ CDF-Mindat ကလည္း ရဲေဘာ္ဆလိုင္းဟုန္းအြမ္ တိုက္ပြဲက်ခဲ့ပါတယ္။ ဇူလိုင္ ၂၂ ရက္ေန႔က အမွတ္ (၁) တိုက္နယ္မွာ တိုက္ပြဲျပင္းထန္ေနခ်ိန္မွာ CDF-Mindat တပ္ရင္းတခ်ိဳ႕က မကြီအိမ္ႏူးၿမိဳ႕ ရဲစခန္းႏွင့္တပ္စခန္းကို စတင္သိမ္းပိုက္ေနၿပီျဖစ္ပါတယ္။ စခန္းက စကစဗိုလ္ႀကီးတစ္ဦး CDM ဝင္ခဲ့ပါတယ္။

ဇူလိုင္ ၂၃ မွာေတာ့ မကြီအိမ္ႏူးၿမိဳ႕တပ္စခန္းက အရာခံဗိုလ္တစ္ဦးနဲ႔စစ္သား ၄ ဦး ကို စခန္းကေန အသာတၾကည္ ထြက္ခြာခြင့္ေပးခဲ့ၿပီး ရဲစခန္းနဲ႔တပ္စခန္း ၂ ခုလုံးကို ဝင္ေရာက္သိမ္းပိုက္ၿပီး လက္နက္ေတြ သိမ္းဆည္းရမိခဲ့ပါတယ္။

(ဇူလိုင္ ၂၃ – ၂၅)
တိုက္နယ္ (၁) ဘက္ျခမ္းမွာေတာ့ ဇူလိုင္ ၂၃ ရက္ မွာ စကစတပ္ေတြ ရမ္ပန္း႐ြာအထိတက္လာၿပီး ဘုန္းႀကီးေက်ာင္းမွာ တပ္စြဲၾကပါတယ္။ အဲဒီေန႔မြန္းလြဲပိုင္းမွ CDF-Mindat တပ္ဖြဲ႕နဲ႔တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ စကစတပ္က ၂ ဦးက်ဆုံး အမ်ားအျပားဒဏ္ရာရၿပီး ညေနပိုင္းမွာလည္း တိုက္ပြဲဆက္ျဖစ္ပါတယ္။

ေနာက္တေန႔ ဇူလိုင္ ၂၄ ရက္ က်ေတာ့ စကစေတြေနာက္ဆုတ္သြားခဲ့ပါတယ္။ CDF-Mindat က ေနာက္ကေနလိုက္ၿပီး ေ႐ႊတြင္းတူး႐ြာအထိ နယ္ေျမရွင္းလင္းေရးလုပ္ခဲ့ပါတယ္။

ဇူလိုင္လ ၂၅ ရက္ေန႔မွာေတာ့ စကစ စစ္ကူေရာက္လာၿပီး ဆုတ္သြားတဲ့တပ္ရင္းကို လာေရာက္အင္အားျဖည့္ၿပီး ျပန္တက္လာပါတယ္။ ဒီလိုနဲ႔ နယ္ေျမရွင္းလင္းေရး ဆင္းလာတဲ့ CDF-Mindat နဲ႔ စကစ တပ္ေတြ ဒန႔္ဒီး႐ြားနားမွာေတြ႕ဆုံၿပီး တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ အဲဒီတိုက္ပြဲမွာ စကစဘက္က ထိခိုက္မႈမ်ားခဲ့ၿပီး CDF-Mindat က ရဲေဘာ္ ၄ ဉီးက်ဆုံးခဲ့ပါတယ္။ ဆလိုင္း ထန္းကီးဟုန္း (က်ည္ထိ)၊
ဆလိုင္းထန္းတိတ္မာန္၊ ဆလိုင္းဟာအြမ္၊ ဆလိုင္းေဘြမာန္ႏိုင္း တို႔ဟာ လက္နက္ႀကီးထိ က်ဆုံးခဲ့ပါတယ္။

အေနာက္ဘက္ မတူပီကေနဆင္းလာတဲ့ စကစတပ္ရင္းက ဇူလိုင္ ၂၄ ရက္ မွာေတာ့ ရွစ္ဝါႏူး႐ြာမွာ CDF-Mindat, CNF, CDF-Matupi စုေပါင္းတပ္နဲ႔ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ စကစဘက္က ထိခိုက္ဒဏ္ရာ ရသူေတြရွိခဲ့ၿပီး Matupi-CDF မွ ၁ ဦး၊ CNF မွ ၃ ဦး တိုက္ပြဲက်ခဲ့ပါတယ္။

(ဇူလိုင္ ၂၇ – ၃၀)
ဇူလိုင္ ၂၇ ရက္ ေန႔မွာေတာ့ မကြီအိမ္ႏူးစခန္းကို ဦးတည္ၿပီး စစ္ေၾကာင္းတစ္ေၾကာင္း ကန္ပက္လက္ၿမိဳ႕နယ္ထဲကေန ခ်ီတက္လာခဲ့ပါတယ္။ မင္းတပ္ႏွင့္ ကန္ပက္လက္နယ္စပ္နားက ခါနန္း႐ြာမွာ အဲဒီခ်ီတက္လာတဲ့ စကစ စစ္ေၾကာင္းကို CDF-Mindat, CDF-Kanpetlet ပူးေပါင္းတပ္တို႔က ဆီးႀကိဳတိုက္ခိုက္ခဲ့ၿပီး စကစတပ္ေတြ အက်အဆုံးမ်ားစြာ ျပန္ဆုတ္သြားခဲ့ရပါတယ္။ စကစဘက္က အနည္းဆုံး ၁၀ ဦးက်ဆုံး၊ ဒဏ္ရာအမ်ားအျပား ရရွိခဲ့ၿပီး CDF ဘက္ကေတာ့ ဒဏ္ရာရသူ မရွိခဲ့ပါဘူး။

ဇူလိုင္ ၂၉ မွာေတာ့ မင္းတပ္-မတူပီလမ္း ၇၄ မိုင္မွာ CDF-Mindat, CNF, CDF-Matupi ႏွင့္ (၂၄ ရက္ေန႔ ရွစ္ဝါႏူးတိုက္ပြဲက စကစတပ္တို႔) တိုက္ပြဲျပန္ျဖစ္ခဲ့ပါတယ္။ တိုက္ပြဲဟာ ညေန ၇ နာရီဝန္းက်င္ကစၿပီး ည ၁၂ နာရီေက်ာ္အထိ ျဖစ္ပြားခဲ့ပါတယ္။ CDF-Matupi က ၃ ဦးက်ဆုံးၿပီး တစ္ဉီးဒဏ္ရာရခဲ့ပါတယ္။ စကစဘက္က အနည္းဆုံး ၄ ဦးက်ဆုံးၿပီး အမ်ားအျပား ဒဏ္ရာရတယ္လို႔သိရပါတယ္။

ယေန႔ ဇူလိုင္ ၃၀ ရက္ေန႔ မြန္းလြဲ ၂ နာရီဝန္းက်င္ကစၿပီး ၇၆ မိုင္မွာ တိုက္ပြဲေတြျပန္ျဖစ္ေနတယ္လို႔ သိရပါတယ္။ တိုက္ပြဲက က်ဆုံး၊ ဒဏ္ရာစာရင္းေတြကိုေတာ့ မသိရေသးပါဘူး။

မင္းတပ္ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရး-သတင္းအဖြဲ႕

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်