တမူးမြို့မှာ စစ်ဘေးရှောင် ချင်းအမျိုးသား တစ်ဦး ပျူစောထီးများ သတ်ဖြတ်ပြီး အလောင်းကိုရွေးခိုင်း

၁၇၊ ဩဂုတ် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ စစ်ဘေးရှောင် ခိုလှုံနေတဲ့ အသက် (၂၅ )နှစ်ခန့် ရှိ ချင်း အမျိုးသား တစ်ဦးကို ပျူစောထီးအဖွဲ့က ဩဂုတ်လ ၁၅ ရက်နေ့က အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

” သူက တမူးအထက်ပိုင်း မြို့သစ်မြို့နယ်(ခွဲ) ရွာသာ ရွာမှာ‌ နေတာပါ။ဒေသမှာတိုက်ပွဲဖြစ်လို့ တမူးမြို့မ (၁၃) ရပ်ကွက်မှာ လာခိုလှုံနေတာ။ ၁၅ရက်နေ့က တမူးဘက်ကို သွားပြီး အပြန်မှာ ကံကြီးဝ တံတားမှာ ပျူစောထီးတွေနဲ့ တွေ့လို့ အသတ်ခံရတာပါ။ ခေါင်းကိုသေနတ်နဲ့ပစ်တာ။ အလောင်းကိုလည်း ၁သိန်းနဲ့ ရွေးခိုင်တယ်”လို့ ဒေသခံ တစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

အဆိုပါ အမျိုးသားဟာ တမူးအထက်ပိုင်း ရွာသာ ကျေးရွာမှာ နေထိုင်တာဖြစ်ပြီး စစ်ရေးအခြေနေကြောင့် တမူးမြို့ကို မိသားစုနဲ့ အတူ စစ်ဘေးခိုလှုံခဲ့ရာ အခုလို ပျူစောထီးများကအကြောင်းမဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

ယခုနှစ်အတွင်း တမူးမြို့မှာ ပျူစောထီးများ အကြောင်းမဲ့ သတ်ဖြတ်ခဲ့လို့ အိန္ဒိယနိုင်ငံသားနဲ့ Non CDM သားဖွားဆရာမ အပါဝင် ဒေသခံ အရပ်သား ၁၁ဦးထိ ရှိနေပြီဖြစ်ပြီး ယခုထက်လည်းများနိုင်သေးတယ်လို့ ဒေသခံများက ပြောပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

မီဇိုရမ်မှာ ယခုနှစ် ခြောက်လအတွင်း မူးယစ်ဆေးကြောင့် ၂၆ ဦး၊ အရက်ကြောင့် ၁၈ ဦး သေဆုံး

ဇွန်၂၉ ၊ ၂၀၂၆Zalen မီဇိုရမ်ပြည်နယ်မှာ ၂၀၂၆ ခုနှစ်အစကနေ ဇွန် ၂၄ ရက်အထိ ခြောက်လနီးပါးအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဆက်နွယ်ပြီး လူ ၂၆ ဦး သေဆုံးခဲ့သလို၊ အရက်သောက်သုံးမှုနဲ့ ဆက်နွယ်ပြီးလည်း လူ ၁၈ ...

ဆက်ဖတ်ရန်