တရုတ်ကုမ္ပဏီ Huawei နဲ့ပူးပေါင်းပြီး အများပြည်သူ စောင့်ကြည့်ရေးစနစ် တာလီဘန်တပ်ဆင်မည်

တာလီဘန်ကတော့ ၂၀၂၁ ခုနှစ် အထိ အမေရိကန်စစ်တပ်အသုံးပြုခဲ့သော အများပြည်သူ စောင့်ကြည့်ရေးစနစ်ကို ပြန်လည် အသက်သွင်းမှာဖြစ်ပြီး ဒီလို စောင့်ကြည့်ရေးစနစ်များကို အာဖဂန်မြို့ကြီးများတွင် အဓိက တပ်ဆင်မယ်လို့ တာလီဘန်ပြည်ထဲရေး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တာလီဘန်ကတော့ လုံခြုံရေးပြန်လည်အားကောင်းလာရန်နှင့် IS အဖွဲ့များကို နှိမ်နှင်းရန် အာရုံစိုက်နေတယ်လို့ လူသိရှင်ကြား ထုတ်ပြန်ထားပြီဖြစ်ပါတယ်။ IS အဖွဲ့ဟာ အာဖဂန်မြို့ကြီးများတွင် ကြီးမားတဲ့ တိုက်ခိုက်မှုများ လုပ်နေတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် မြို့ကြီးများတွင် အများပြည်သူစောင့်ကြည့်ရေးစန စ်တပ်ဆင်ရန်အတွက် တရုတ်နိုင်ငံက Huawei ကုမ္ပဏီနဲ့ တိုင်ပင်ဆွေးနွေးမှုများ လုပ်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။ တာလီဘန်နှင့် အခြားနိုင်ငံများအကြားက တွေ့ဆုံဆွေးနွေးမှုများတွင် IS တို့လို နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများရဲ့ တိုက်ခိုက်မှုကို မကြာခဏထည့်သွင်းဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

သို့သော်လည်း အခုလို တာလီဘန်ရဲ့ နည်းပညာအသုံးပြုပြီး အများပြည်သူ စောင့်ကြည့်ရေးစနစ်တပ်ဆင်ရန် ကြိုးပမ်းမှုဟာ ငွေကြေးအရ ကြပ်တည်းနေတဲ့ တာလီဘန်ဟာ လိုအပ်တဲ့ ရန်ပုံငွေ မရနိုင်လောက်ဘူးလို့ သုံးသပ်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ တာလီဘန်ဟာ ဒီနည်းပညာများကို အသုံးပြုပြီး ဆန္ဒပြသူများကို ဖမ်းဆီးနှီမ်နှင်းတာလည်း လုပ်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

စောင့်ကြည့်ရေး ကင်မရာများကို မြို့တော်ကာဘူလ်းရဲ့ အရေးကြီးတဲ့ နေရာများတွင် တပ်ဆင်မှာဖြစ်ပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်ရန် အနည်းဆုံး ၄ နှစ် ကြာမယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“လက်ရှိအချိန်မှာတော့ ကာဘူလ်းမြို့တော် လုံခြုံရေးမြေပုံနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလုပ်လုပ်နေပါတယ်၊ အများအားဖြင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ပြီး လုပ်တာပါ။ ကျွန်တော်တို့မှာ မြေပုံ ၂ ခုတော့ ရှိပါပြီ၊ တစ်ခုက အမေရိကန်စစ်တပ်သုံးတဲ့ မြေပုံဖြစ်ပြီး ဒုတိယတစ်ခုကတော့ တူရကီအစိုးရ ရေးဆွဲခဲ့တဲ့ မြေပုံဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်