တီးတိန်မြို့သိမ်းတိုက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ZRA-EC ပြော

ဧပြီ ၂၂၊ ၂၀၂၆


Zalen

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှာ နွေဦးတော်လှန်ရေးကို အကြောင်းပြပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တာမျိုးကို လုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ Zomi Political Coordination Council (ZPCC) /ZRA-EC က ကန့်ကွက်လိုက်ပါတယ်။

Zogam လို့ ခေါ်ဆိုသတ်မှတ်ထားတဲ့ တီးတိန်နဲ့ တွန်းဇံမြို့နယ်အတွင်းမှာ ဘယ်ပြင်ပအင်အားစုကမှ နွေဦးတော်လှန်ရေးအပါအဝင် ဘယ်အကြောင်းပြချက်နဲ့မဆို ဝင်ရောက်ကျူးကျော်တာ ဒါမှမဟုတ် မြို့သိမ်းတိုက်ပွဲလုပ်တာကို လုံးဝခွင့်မပြုဘူးလို့ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါ
တယ်။

တကယ်လို့ မြို့ရွာတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းလာတဲ့ အဖွဲ့အစည်းတွေရှိရင် “အကြမ်းဖက်အဖွဲ့” ဒါမှမဟုတ် “ရန်သူ” အဖြစ် ထာဝစဉ်သတ်မှတ်ပြီး အစွမ်းကုန် ခုခံတွန်းလှန်သွားမယ်လို့ အပြင်းအထန် သတိပေးထားပါတယ်။

Zalen ad

လက်ရှိ တွန်းဇံမြို့နယ်ကိုတော့ ချင်းပြည်ကောင်စီတပ်ဖွဲ့၀င်ဖြစ်တဲ့ CDF တွန်းဇံက သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေပါတယ်။

အခုလို ထုတ်ပြန်ချက် ထွက်ပေါ်လာရတာဟာ လက်ရှိ တီးတိန်မြို့မှာ ချင်းညီနောင်အဖွဲ့ဝင် PDF-Zoland တပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် ဖြစ်ပါတယ်။

ZRA-EC အဖွဲ့ဟာ တီးတိန်မြို့က ခလရ ၂၆၉ တပ်ရင်းထဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ အတူတကွ နေထိုင်နေပြီး စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေတာကြောင့် မြို့သိမ်းတိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေတာလို့ သိရပါတယ်။

ZRA-EC ဟာ စစ်ကောင်စီနဲ့ အနီးကပ်ပူးပေါင်းနေတာကြောင့် သူတို့ကို စစ်တပ်ရဲ့ လက်ကိုင်တုတ်အဖြစ် သတ်မှတ်ကြောင်း PDF-Zoland က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ZRA-EC ဟာ ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲပြီး တီးတိန်နဲ့ တွန်းဇံဒေသတွေကို စီမံအုပ်ချုပ်ဖို့ စစ်ကောင်စီထံ တောင်းဆိုမှုတွေ ရှိနေတယ်လို့လည်း နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ဒီအပေါ်မှာ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ZRA-EC ရဲ့ အခုလိုထုတ်ပြန်ချက်ကြောင့် ဒေသတွင်းမှာ စစ်ရေး၊ နိုင်ငံရေး တင်းမာမှုတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အီရန်စစ်ပွဲကြောင့် ကွန်ဒုံးဈေးနှုန်းတွေ မြင့်တက်လာနိုင်ခြေရှိ

ဧပြီ ၂၂၊ ၂၀၂၆Zalen အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေ ဆက်လက် အနှောင့်အယှက်ဖြစ်ပေါ်နေပါက ဘေးကင်းလုံခြုံ လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်တွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့အကြီးဆုံး ကွန်ဒုံး ထုတ်လုပ်သူ Karex ကုမ္ပဏီ ရဲ့ CEO ...

ဆက်ဖတ်ရန်