တီးတိန်မြို့သိမ်း တိုက်ပွဲသတင်းတွေကြောင့် မြို့ခံထက်ဝက်ကျော် နေရပ်စွန့်ခွာ

ဧပြီ ၃၀၊ ၂၀၂၆
Zalen

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့သိမ်း တိုက်ပွဲသတင်းတွေကြောင့် မြို့ခံထက်ဝက်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

တီးတိန်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေကြား မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် မြို့ခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသိပေးတာ မရှိပေမယ့် တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် တိမ်းရှောင်တာပါ။” လို့ တီးတိန်ဒေသခံတဦးက ပြောပါတယ်။

Zalen ad

အဲဒီထွက်ပြေးတိမ်းရှောင်နေကြတဲ့ တီးတိန်မြို့ခံတွေဟာ ကလေးမြို့ဘက်ကို အများစုတိမ်းရှောင်နေကြပြီး အိန္ဒိယနယ်စပ်ဘက်လည်း တိမ်းရှောင်နေကြပါတယ်။

“ကိုယ့်အစီအစဥ်နဲ့ ကိုယ်သွားကြတာပါ။ အများစုက ကလေးဘက်ကို ပြေးကြတယ်။ နယ်စပ်ဘက်လည်း ထွက်ပြေးတာတွေ ရှိတယ်။”လို့ နောက်ထပ် တီးတိန်
ဒေသခံတဦးက ပြောပါတယ်။

အဲဒီလို ထွက်ပြေးတိမ်းရှောင်မှုတွေကြောင့် တီးတိန်မြို့တွင်း လမ်းမပေါ်မှာ အခုရက်ပိုင်း လမ်းသွားလမ်းလာ လူတွေကို မတွေ့ရတော့ဘဲ ခြောက်ကပ်နေတယ်လို့ သိရပါတယ်။

“ပြေးကြတာက တရက်ထက်တရက် ပိုများနေတယ်။ အခုဆိုမြို့ထဲမှာ လူတွေ သိပ်မတွေ့ရတော့ဘူး။ တချို့လမ်းတွေဆို ခြောက်ကပ်နေတယ်။” လို့ တီးတိန်မြို့ခံတဦးက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဘက် ထုတ်ပြန်တာ မရှိသေးသလို တိုက်ပွဲဖြစ်ပွားတာလည်း မရှိသေးပါဘူး။

တီးတိန်မြို့ဟာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်ပြီး ချင်းပြည်နယ်ရှိ ၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပေမယ့် တီးတိန်မြို့ဟာ ပါဝင်ခြင်း မရှိပါဘူး။

သတင်း-ဆလိုင်း

တီးတိန်မြို့#နေရပ်စွန့်ခွါ#Zalen

နောက်ဆုံးရသတင်းများ

ကျောက်ထု-မင်းတပ်ကြားကို ဂျက်ဖိုက်တာ ၄ စီး ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးအမတ ၃၆၈ ကို ရိက္ခာ တွေဖြည့်နေ

ဧပြီ ၃၀၊၂၀၂၆Zalen မကွေးတိုင်း ၊ ဆောမြို့နယ် ၊ကျောက်ထု နဲ့ ချင်းပြည်နယ်၊ မင်းတပ်နယ် စပ်ကြားတွေကို ဒီကနေ့ ဧပြီလ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ၀န်းကျင်မှာ ဂျက်ဖိုက်တာ ၄ စီး ...

ဆက်ဖတ်ရန်