ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ပေးဖို့ ဖိလစ်ပိုင် တောင်းဆို

မေ ၆၊ ၂၀၂၆
Zalen

မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံခွင့်ပေးဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဒီနေ့ (မေလ ၆ ရက်မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တွေကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ပိုမိုပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာစေဖို့ ဖိလစ်ပိုင်နိုင်ငံက အခုလို တောင်းဆိုလာတာဖြစ်ပါတယ်။

Zalen ad

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်ကို ပြောင်းလဲလိုက်တာဟာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ရှုမြင်ထားပါတယ်။

ဒါပေမယ့် ဒီလုပ်ရပ်ဟာ စစ်မှန်တဲ့ ကတိကဝတ်ဖြစ်ကြောင်း သက်သေပြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ပြန်လည်ဆက်သွယ်ခွင့်ပြုဖို့၊
အာဆီယံအထူးကိုယ်စားလှယ်နဲ့ အမြန်ဆုံးတွေ့ဆုံခွင့်ပေးဖို့ကို စစ်ကောင်စီထံ အလေးအနက် တိုက်တွန်းထားပါတယ်။

အာဆီယံရဲ့ ငြိမ်းချမ်းရေးမူဘောင်ဖြစ်သော ဘုံသဘောတူညီချက် ၅ ချက် ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဖို့ လက်ရှိအခြေအနေကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးပြုသင့်တယ်လို့ ဖိလစ်ပိုင်က ထောက်ပြပါတယ်။

အထူးကိုယ်စားလှယ်နဲ့တွေ့ဆုံခွင့်ရရှိတာဟာ သက်ဆိုင်သူအားလုံး ပါဝင်နိုင်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲများဆီသို့ ဦးတည်သွားနိုင်မယ့် သော့ချက်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီနှစ်ဆန်း ၁ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့တာ ခံခဲ့ရပါတယ်။

ထိုစဉ်က သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်မှာမူ နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

ကိုးကား- ရိုက်တာ

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုအပေါ် အမေရိကန်က စစ်ကောင်စီကို ဖိအားပေးဖို့ပြင်ဆင်နေ

မေ ၁၂၊ ၂၀၂၆Zalen မြန်မာနိုင်ငံထဲမှာရှိတဲ့ ခရစ်ယာန်ဘာသာရေး အဆောက် အအုံတွေကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အထူးစိုးရိမ်နေသလို၊ ဒီကိစ္စတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပြောပါတယ်။ အမေရိကန် ...

ဆက်ဖတ်ရန်