နန်းချောင်းကျေးရွာပြည်သူအားလုံးထွက်ပြေးရပြီး နေအိမ်ဖောက်ထွင်းခံရလို့ သိန်း ၁၅၀ လောက်ခိုးယူခံရ

ကလေးမြို့နယ်မြောက်ဘက် နန်းချောင်းကျေးရွာပြည်သူအားလုံးဟာ ဧပြီ ၁၃ ရက် ပြည်တော်သာရွာတိုက်ပွဲကြောင့်ဘေးလွတ်ရာသို့ထွက်ပြေးရာ ယနေ့ ဧပြီ ၁၅ ရက်ထိနေရပ်မပြန်ရဲဘဲဖြစ်နေတယ်လို့သိရတယ်။

နန်းချောင်းကျေးရွာဟာ အိမ်ခြေ ၂၁၀ ရှိကာ လူဦးရေ ၁၁၀၀ ကျော်ရှိပါတယ်။ ဧပြီ ၁၃ ရက်က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်တွေတပ်ပြန်ဆုတ်တဲ့ချိန်မှာ နန်းချောင်းရွာထဲကအိမ် ၁၅လုံးကိုဖောက်ထွင်းကာ အိမ်ထဲက ပစ္စည်းနဲ့ ငွေသား သိန်း ၁၅၀ လောက်ခိုးယူသွားကြကြောင်း သတင်းရရှိပါတယ်။

ယင်းတိုက်ပွဲကြောင့် ထွက်ပြေးကြတဲ့ သာယာကုန်းကျေးရွာကပြည်သူတွေကတော့ ယနေ့တွင် နေရပ်ပြန်သွားကြပြီလို့လည်းသိရတယ်။

Zalen ad

ပြည်တော်သာရွာတိုက်ပွဲတွင် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိတယ်လို့သိရတယ်။

Zawgyi

နန္းေခ်ာင္းေက်း႐ြာျပည္သူအားလုံးထြက္ေျပးရၿပီး ေနအိမ္ေဖာက္ထြင္းခံရလို႔ သိန္း ၁၅၀ ေလာက္ခိုးယူခံရ

ကေလးၿမိဳ႕နယ္ေျမာက္ဘက္ နန္းေခ်ာင္းေက်း႐ြာျပည္သူအားလုံးဟာ ဧၿပီ ၁၃ ရက္ ျပည္ေတာ္သာ႐ြာတိုက္ပြဲေၾကာင့္ေဘးလြတ္ရာသို႔ထြက္ေျပးရာ ယေန႔ ဧၿပီ ၁၅ ရက္ထိေနရပ္မျပန္ရဲဘဲျဖစ္ေနတယ္လို႔သိရတယ္။

နန္းေခ်ာင္းေက်း႐ြာဟာ အိမ္ေျခ ၂၁၀ ရွိကာ လူဦးေရ ၁၁၀၀ ေက်ာ္ရွိပါတယ္။ ဧၿပီ ၁၃ ရက္က တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီတပ္ေတြတပ္ျပန္ဆုတ္တဲ့ခ်ိန္မွာ နန္းေခ်ာင္း႐ြာထဲကအိမ္ ၁၅လုံးကိုေဖာက္ထြင္းကာ အိမ္ထဲက ပစၥည္းနဲ႔ ေငြသား သိန္း ၁၅၀ ေလာက္ခိုးယူသြားၾကေၾကာင္း သတင္းရရွိပါတယ္။

ယင္းတိုက္ပြဲေၾကာင့္ ထြက္ေျပးၾကတဲ့ သာယာကုန္းေက်း႐ြာကျပည္သူေတြကေတာ့ ယေန႔တြင္ ေနရပ္ျပန္သြားၾကၿပီလို႔လည္းသိရတယ္။

ျပည္ေတာ္သာရြာတုိက္ပြဲတြင္ အရပ္သားျပည္သူတစ္ဦးေသဆံုးၿပီး တစ္ဦးဒဏ္ရာရရွိတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်