ပလက်ဝနဲ့ကချင်ဒုက္ခသည်တွေအတွက် ဧပြီလတွင် ဆုတောင်းခြင်းနဲ့အထူးအလှူငွေပေးအပ်ခြင်းအစီအစဉ်ကျင်းပမယ်

 

ပလက်ဝနဲ့ကချင်ဒုက္ခသည်တွေအတွက် ဧပြီလတွင် ဆုတောင်းခြင်းနဲ့အထူးအလှူငွေပေးအပ်ခြင်းအစီအစဉ်ကျင်းပမယ်
ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အောက်မှာရှိတဲ့အသင်းတွေ ဧပြီလ ဒုတိယပတ်နဲ့တတိယပတ်ကို ပလက်ဝနဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ဆိုတောင်းခြင်းနဲ့အထူးအလှူငွေထည့်ဝင်ခြင်းအစီအစဉ်ကျင်းပဖို့ (၂၃)ကြိမ်မြောက် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် သင်းလုံးကျွတ်ဓမ္မညီလာခံအစည်းအဝေးမှာဆုံးဖြတ်ကြပါတယ်။


ယင်းအစည်းအဝေးကို ထန်တလန်မြို့တွင် မတ်လ (၂၁)ရက်ကနေ (၂၄)ရက်ထိ ကျင်းပနေပါတယ်။
ပလက်ဝမြို့နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဆုတောင်းခြင်းနဲ့အထူးအလှူငွေထည့်ဝင်ခြင်းကို ဧပြီလ(၁၄)ရက်နေ့တွင် အသင်းတော်တိုင်းမှာကျင်းပသလို ကချင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဧပြီလ(၂၁)ရက်နေ့မှာ ဆုတောင်းခြင်းနဲ့အထူးအလှူငွေထည့်ဝင်ခြင်းတို့ပြုလုပ်မှာဖြစ်ပါတယ်။ ယင်းနေ့အလှူငွေအားလုံးကို ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရုံးသို့အမြန်ဆုံးပေးပို့ပြီး အဖွဲ့ချုပ်ကထပ်ဆင့်ပေးပို့သွားမှာဖြစ်ပါတယ်။
ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တွင် အသင်းတော်ပေါင်း (၉၀၇)ပါး၊ အိမ်ခြေ စုစုပေါင်း(၄၀၁၆၆)နဲ့ လူဦးရေစုစုပေါင်း (၂၀၁၄၀၁)ဦးရှိပါတယ်။

ပလက်ဝမြို့နယ်ထွေအုပ်စာရင်းအရ စစ်ဘေးရှောင် ကျေးရွာ(၁၁)နဲ့လူဦးရေ နှစ်ထောင်ကျော်ရှိပေမယ့် တိုက်ပွဲပိုမိုပြင်းထန်လာတာကြောင့် ကျေးရွာအများစုမှာ တောင်ယာမခုတ်နိုင်ပဲဖြစ်နေကြတယ်။ ဒါကြောင့် ဒီနှစ်ကစပြီးနောက်နှစ်အတွက် စားနပ်ရိက္ခာအကြပ်အတည်း ကြုံတွေ့မယ့် အလားအလာရှိနေပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်