ပလက်ဝမြို့နယ် စစ်ရှောင်စခန်းသို့ နော်ဝေရောက်ချင်းခရစ်ယာန်တွေ ဆန်အိတ် (၅၀)လှူဒါန်း

 

ပလက်ဝမြို့နယ် စစ်ရှောင်စခန်းသို့ နော်ဝေရောက်ချင်းခရစ်ယာန်တွေ ဆန်အိတ် (၅၀)လှူဒါန်း

ပလက်ဝမြို့နယ် စိမ်းစင်ကျေးရွာရှိ အောက်ငပွီးစစ်ဘေးရှောင်စခန်းသို့ နော်ဝေချင်းခရစ်ယာန်ဖက်ဒရိတ်ရှင်းက ဆန်အိတ် (၅၀)ကို ဒီကနေလှူဒါန်းလိုက်ပါတယ်။

စိမ်းစင်ကျေးရွာဟာ ပလက်ဝမြို့မရောက်ခင် ကျောက်တော်-ပလက်ဝ ကားလမ်းပေါ်မှာရှိပါတယ်။

Zalen ad

ယင်းအလှူကို ပလက်ဝနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ ကယ်ဆယ်ရေးကော်မတီက တဆင့်ပေးအပ်လှူဒါန်းသွားပါတယ်။

ယင်းစစ်ဘေးရှောင်စခန်းမှာ ကင်းတလင်း၊ ရှင်မဒိန်၊ ပြိုင်စို၊ ယင်ခံဝရွာအပါအဝင် ကျေးရွာ (၆)ရွာက စစ်ရှောင်ပြည်သူတွေလာရောက်နေထိုင်ကြပါတယ်။ ၎င်းစစ်ရှောင်စခန်းတွင် အိမ်ခြေ (၆၀)ခန့်ရှိပြီး လူဦးရေ (၃၀၀)ကျော်ရှိပါတယ်။

အောက် ငပွီးစစ်ဘေးရှောင် စခန်းဟာ မိမိတို့လုံခြုံရေး၊ တိုက်ပွဲကြောင့် စားဝတ်နေရေးအခက်အခဲနဲ့ သားသမီးများရဲ့ ပညာရေးကို ရှေးရှုကာရွေ့ပြောင်းလာတဲ့သူတွေဖြစ်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့ စစ်ဘေးရှောင်စာရင်းထဲတွင် ၎င်းတို့မပါဝင်ပါ။ ဒါကြောင့် ၎င်းတို့ဟာ အစိုးရရဲ့အထောက်အပံ့တွေလည်းမရရှိတဲ့တွက် ကြုံရာကျပန်းအလုပ်လုပ်ကိုင်ကာ ဝမ်းစာရှာဖွေနေကြပါတယ်။

နောက်ဆုံးရသတင်းများ

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်ဒေသခံတွေရဲ့ လူမှုဘဝနဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ကြုံတွေ့နေ

ဇွန် ၂၃၊ ၂၀၂၆Zalen ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး၊ လူမှုစီးပွားဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ...

ဆက်ဖတ်ရန်