ဖလမ်းမြို့တွင် အကြမ်းဖက်စစ်တပ်က အစွန်းရောက်ဆန္ဒပြသူအလို့သုံးနှုန်းပြီး ပြည်သူတွေဆန္ဒပြပွဲတွင်မပါဝင်ရန် စာတွေလိုက်ကပ်

ဖလမ်းမြို့ လယ်ခေါင်ဖြစ်တဲ့ လမ်းဆုံနဲ့ ကျင်မွှာလ်ရပ်ကွက်တွင် မနေ့ညက အကြမ်းဖက်အာဏာလု စစ်တပ်က ပြည်သူတွေ ဆန္ဒပြပွဲတွင်မပါရန် နဲ့ လမ်းမပိတ်ဖို့ သတိပေးတဲ့စာ လိုက်ကပ်နေတယ်လို့ သတင်းရရှိပါတယ်။

ယင်းစာထဲတွင် အစွန်းရောက်ဆန္ဒပြသူအချို့သည် အမတ်လ (၂၂)ရက်နေ့မှ မတ်လကုန်အတွင်း ဆူပူဆန္ဒပြမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်လျက်ရှိပြီး လက်နက်များ၊ ဓာတ်ဆီပုလင်းများကိုအသုံးပြု၍ ဆန္ဒပြသူပြည်သူလူထုကို ထိခိုက်ဒဏ်ရာရရှိရန်နှင့် မီးလောင်မှုဖြစ်ပွားရန် ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ၎င်းကာလအတွင်း ဆန္ဒပြမှုများတွင် လုံးဝပါဝင်ခြင်းမပြုရန်၊ မီးဘေးအန္တရာယ်အတွက် လမ်းပိတ်ဆို့ခြင်းများ မပြုလုပ်ကြပါရန် အထူးသတိပေး အကြေညာအပ်ပါသည်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်မှာ စစ်ကျန် လက်နက်ကြီးကျည် ဆော့ကစားလို့ ကလေး လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

၁၀၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ စစ်ကျန် လက်နက်ကြီးကျည်ကို ကလေးတွေ ဆော့ကစားရာ ပေါက်ကွဲမှုဖြစ်ပြီး ကလေး လေးဦး သေဆုံးခဲ့သလို တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ မေလ ၈ ...

ဆက်ဖတ်ရန်