ဖလမ်း-ဟားခါးလမ်းပေါ်တွင် စကစတပ်က လက်နက်ကြီးနဲ့သေနတ်တွေ အကြိမ်ကြိမ်ပစ်ဖောက်လို့ ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ

ဖလမ်းမြို့အနီး ဖလမ်း-ဟားခါးလမ်းပေါ်တွင် အကြမ်းဖက် စကစတပ်က ဒီနေ့ ဇူလိုင် ၂၀ နေ့လည်ပိုင်းကစပြီး လက်နက်ကြီးနဲ့သေနတ်တွေ အဆက်မပြတ်ပစ်ခတ်လို့ အနီးနားရှိရွာသားတွေ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။

အခုလိုပစ်ခတ်နဲ့နေရာက ဖလမ်းမြို့ကနေ ၁၆ မိုင်အကွာ Taal ရွာနဲ့ Tlangzar ရွာကြားမှာဖြစ်ပါတယ်။

ဒါကြောင့် အိမ်ခြေ ၄၀ ရှိတဲ့ Taal ရွာသားတွေအကုန်လုံး ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံကြပါတယ်။

ဒေသခံရွာသားတစ်ဦးက “သူတို့က မနက်ပိုင်း ဖလမ်းဘက်ကနေလာတဲ့ချိန် လမ်းတလျှောက် သေနတ်ပစ်ကြတယ်။ နေ့လည် ၁ နာရီလောက်မှာ သေနတ်သံခပ်စိတ်စိတ်ကြားလာတယ်။ ညနေ ၃ နာရီမှာတော့ မခံနိုင်လောက်အောင် သေနတ်တွေ ဗုံးတွေအဆက်မပြတ်ဖောက်ကြတယ်။ ဒါကြောင့် ရွာသားတွေက ထွက်ပြေးကြတယ်။ ပြည်သူ့တပ်နဲ့ပစ်ကြတာလာဆိုတာလည်း ဘယ်သူမှသွားမကြည့်ရဲတော့ မသိရဘူး” လို့ပြောပါတယ်။

Zalen ad

အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ မနေ့ဇူလိုင် ၁၉ ရက်က ကလေးမြို့ကနေ ကားနဲ့ အင်အား ၁၀၀ လောက် ချင်းပြည်နယ်သို့တက်လာပြီး ဖလမ်းမြို့ အားကစားရုံတွင် ညအိပ်ကြပါတယ်။ ဒီမနက်ပိုင်းမှာ တချို့ ခြေလျင်နဲ့ တချို့ကားနဲ့ ဟားခါးဘက်သို့ဆက်သွားကြပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်