ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် တစ်ထောင်တန် ငွေစက္ကူထုတ်ဝေမယ်

ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံဖြင့်တစ်ထောင်ကျပ်တန်ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ထုတ်ဝေပါမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

အခုသုံးစွဲနေတဲ့ တစ်ထောင်ကျပ်တန် ငွေစက္ကူတွေလည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိမယ်လို့လည်းဖော်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူအရွယ် အစားမှာ အလျား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာ ရှိပါတယ်။

တစ်ထောင်ကျပ်တန်ငွေစက္ကူ၏ မျက်နှာစာဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူရဲ့ လက်ယာဘက်တွင် ငွေစက္ကူရဲ့တန်ဖိုးကို မြန်မာစာသားဖြင့် “တစ်ထောင်ကျပ်” လို့ ဖော်ပြထားပါတယ်။ ထောင့်သုံးထောင့်တွင်လည်း ငွေစက္ကူရဲ့တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါတ ယ်။

Zalen ad

ငွစက္ကူတွင် လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံထည့်သွင်းထားပြီး ငွေစက္ကူရဲ့ ဘယ်ညာအစွန်းများတွင် ဖောင်းကြွလိုင်းတိုများ ရိုက်နှိပ်ထားပါတယ်။

တစ်ထောင်ကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင် လွှတ်တော်အဆောက် အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ ” CENTRAL BANK OF MYANMAR” စာတန်း အောက်ပိုင်း၌ “ONE THOUSAND KYATS” ဟူသော စာတန်းများ ရိုက်နှိပ်ထားပါတယ်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူရဲ့တန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်