မင်းတပ်မြို့ထဲမှာ ဇန်နဝါရီ(၃)ရက်မှစပြီး လက်နက်ကိုင်ဆောင်ခွင့်ပိတ်ပင်

မင်းတပ်မြို့ထဲမှာ ဇန်နဝါရီ(၃)ရက်မှစပြီး လက်နက်ကိုင်ဆောင်ခွင့်ပိတ်ပင်

မင်းတပ်မြို့ထဲမှာ တရားဥပဒေစိုးရေး၊ ရပ်ရွာအေးချမ်းရေးနဲ့တည်ငြိမ်ရေးအတွက် ဓား၊ လုံ၊ လေး၊ မြှား၊ တူမီးသေနတ်ကိုင်ဆောင်ခွင့်ကို ဇန်နဝါရီလ(၃)ရက်ကစပြီး ပိတ်ပင်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ ဇန်နဝါရီလ (၃)ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

ယင်းဒေသန္တရအမိန့်ထုတ်ပြန်ချက်ထဲတွင် ဘာသာရေးနဲ့ ရိုးရာပွဲလမ်းသဘင်များတွင်ခွင့်ပြုချက်ဖြင့်သာကိုယ်ဆောင်ခွင့်ရှိပြီး စည်းကမ်းမဲ့ လက်နက်ကိုင်ဆောင်သွားလာရင် ၁၉၄၈ ခုနှစ်၊ ချင်းဝိသေသတိုင်းအက်ဥပဒေ ပုဒ်မ ၃၄(၆)ဖြင့်အရေးယူမယ်လို့ကြေညာထားပါတယ်။

၎င်းအမိန့်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မင်းတပ်မြို့ဒေသခံ ဆလိုင်းအောင်လောဟာက “ကျနော်ကတော့ ထောက်ခံတယ်။ အကျိုးဆက်လည်း ကြုံခဲ့ရတယ်။ တစ်ခေါက် အိမ်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့လူဆီကနေ သေနတ်ကျလို့ ဖောက်သွားတော့ အိမ်ရှေ့နံရံထိသွားတယ်။ ဓား၊ပလိုင်းလွယ်ပြီး ပြဿနာဖြစ်ရင် အဲ့ဒါအားကိုးကြတာတွေ့ရတယ်။ အရင်ကလည်း မြို့ထဲမှာ ဓားခုတ်မှုတွေရှိတယ်”လို့ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင်များရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

ဇွန် ၂၃ ၊၂၀၂၆Zalen ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းကနေစတင်ခဲ့တဲ့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ ဇီဝအချက်အလက် (Biometric) စာရင်းသွင်းမှုလုပ်ငန်းဟာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ လူဦးရေစာရင်းကောက်ယူရေးနဲ့ ...

ဆက်ဖတ်ရန်