မင်းတပ်မြို့တွင်ကင်းလှည့်နေတဲ့ စစ်ကောင်စီနဲ့ မင်းတပ်ကွန်မန်ဒိုတို့ တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဘဝသစ်ရပ်ကွက်တွင် ကင်းလှည့်နေတဲ့ စစ်ကောင်စီနဲ့ မင်းတပ်ကွန်မန်ဒို ယနေ့ ဩဂုတ် ၂၉ ရက် မနက် ၉ နာရီခွဲမှကစပြီး မိနစ် ၂၀ ကြာတိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

မင်းတပ်ကွန်မန်တိုရဲဘော်များမှ ဝံပလွေစစ်အကြောင်းအမည်ပေးရာ အုပ်စု ၃ ဖွဲ့ ခွဲကာနေရာယူကြရာ

စစ်ကောင်စီ ရှေ့ပွိုင့်နဲ့ ထိတွေ့မှု့ဖြစ်ခဲ့ကြတယ်။ စစ်ကောင်စီ ၂ ဦးကတော့ပြင်းထန်ဒဏ်ရာရရှိပြီး အော်ဟစ်အကူအညီတောင်းနေတယ်လို့သိရပြီး ကျန်စစ်ကောင်စီ များမှ အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်နေကြပါတယ်။ပြည်သူ့ရဲဘော်များကတော့အထိအခိုက်မရှိ ဘူးလို့သိရပါတယ်။

ယခုရက်ပိုင်း မင်းတပ်မြို့ပေါ် မိုးမရွာတာ ကြာတော့ စစ်ကောင်စီများ ရေအခက်အခဲဖြစ်ပြီးကားဖြင့် ရေခတ်လို့ရသောနေရာများကို ကင်းလှည့်ခြင်း၊ ရှေ့ပွိုင်များကြိုလွှတ်ခြင်း၊ကင်းပုန်းများ ထားရှိခြင်းတွေ လုပ်ဆောင်နေကြတယ်လို့သိရတယ်။

Zalen ad

ယနေ့ ကျောက်ထုမြို့ထဲတွင် စခ များခြေရှုပ်နေတယ်လို့သိရ။ ဆိုင်ကယ်၊ ကား ၊ ဖုန်းများကို

စစ်ဆေးနေကြတယ်လို့လည်းသိရ။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့နယ်မှာ စစ်ဘေးရှောင် အမျိုးသားတဦးကို ZRAက ဖမ်းဆီး သတ်ဖြတ်

ဇူလိုင် ၁၊ ၂၀၂၆Zalen ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်တဲ့ ZRA-EC တပ်ဖွဲ့က စစ်ဘေးရှောင်နေတဲ့ အရပ်သားတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းမှာတင် ရိုက်နှက်နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့တုန်းက ...

ဆက်ဖတ်ရန်