မင်းတပ်မြို့နယ်က ယနေ့ အကြမ်းဖက်စကစတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေ

ယနေ့မင်းတပ် မြို့နယ်ရှိ့ မကွီအိမ်နူးမြို့နယ်ခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းတစ်ခုကို ဒေသခံ Mindat CDF တပ်ဖွဲ့ထံ လက်နက် အပ်နှံပြီး စစ်ကောင်စီ အရာရှိတစ်ဦး အပါအဝင် လူဦးရေ ဆယ်ဂဏန်း ခန့် ပြည်သူနှင့် ပူးပေါင်းကြောင်း သိရသည်။

ဒေသခံ Mindat CDF ထံ (Mindat CDF မှ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ထားသော်လည်း စခန်းမှူးဖြစ်သူ စစ်ကောင်စီအရာရှိ မှ တိုက်ပွဲ မဖြစ်စေချင်ဘဲ လက်နက်အပ်နှံ ပူးပေါင်းမည် ဆိုသောကြောင့် ၂ ဘက် သွေးမြေကျစရာမလိုဘဲ စခန်း သိမ်းနိုင်ခြင်းဖြစ်သည်။ ယနေ့ညနေပိုင်းတွင် DVB မီဒီယာမှ တဆင့် အင်တာဗျူးများ နှင့် မြေပြင် ဗီဒီယိုဖိုင်များ ပျံ့နှံ့လာခဲ့သည်။)

စစ်ကောင်စီ တပ် ကားများ မကွေးတိုင်းမှ မင်းတပ် မြို့အတွင်းသို့ တောက်လျှောက် အဝင်အတွက် ရှိနေပြီး စစ်ကောင်စီတပ်များ ကား/ဆိုင်ကယ် များဖြင့် မြို့တွင်း ကင်းလှည့်နေကြောင်း သိရသည်။ စက်သေနတ်များပါ တပ်ဆင်ထားကြောင်း သိရသည်။

ညနေ့ ညနေပိုင်းတွင် မင်းတပ်-မတူပီ လမ်း ၅/၆ မိုင်ပတ်ဝန်းကျင်တွင် လက်နက်ကြီးသံများ ကြားနေရကြောင်းသိရသည်။ နယ်မြေခံ တပ်ရင်း ၂၇၄ အနီးတဝိုက်တွင်ဖြစ်ပြီး ခြောက်လှန့် ပစ်ခတ်ခြင်းမျိုး ဖြစ်နိုင်ကြောင်း သိရသည်။ ယနေ့ ညနေ ၆ နာရီတွင် စစ်ကောင်စီတပ်များအချင်းချင်း မူးရူးပြီး ပစ်ခတ်ရာ ရဲတစ်ယောက်ဒဏ်ရာရရှိကြောင်းသိရသည်။

ယနေ့ မင်းတပ်တွင် Covid-19 positive ထပ်တိုး လူနာ ၃ ဦးရှိပြီး၊ စုစုပေါင်း ၁၅ ဦးရှိကြောင်းသိရပြီး
သံဃာ ၂ ပါး ပါဝင်ကြောင်း နယ်မြေခံ ပရဟိတမိတ်ဆွေ နာရေးကူညီမှု အသင်း၏ facebook စာမျက်နှာအရ သိရသည်။

ဒေသခံပြည်သူများ စစ်ရှောင်နေရာမှ ထပ်မံတိမ်းရှောင် ထွက်ပြေးနေကြရပြီး မိုးများ
ဆက်တိုက်ရွာသွန်းနေသည့်အတွက် ရိက္ခာနှင့် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ကြုံတွေ့နေကြရသည်။

မကွေးတိုင်း တွင်းရှိ စစ်ရှောင်စခန်း များတွင်လည်း Covid-19 သံသယ လူနာများ စတင်တွေ့ရှိနေရကြောင်း သိရသည်။

မင်းတပ်တွင် ၁၆.၇.၂၀၂၁ နေ့၌ အပစ်အခတ် ရပ်နားခြင်း သဘောတူညီမှု ကုန်ဆုံး ပျက်ပြယ် ခဲ့ပြီး UNHCR အကူညီစတင်ဝင်ရောက်သည့် နောက်နေ့ ၂၁ ရက်နေ့မှ စ၍ တကျော့ပြန် တိုက်ပွဲ ပြန်ဖြစ်လာခဲ့သည်။

ယနေ့ ညနေ ၆ နာရီဝန်းကျင် ၅ မိုင်နားက ဦးမောင်းထန်းအိမ်နေရာနားကနေ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ် ၁၀ ချက်ဝန်း ကျင် ဖောက်ကြပါတယ်။ ပြီးနောက် မင်းတပ်ဖက်သို့ ကား ၂ စီးနှင့် ပြန်ဆင်းလာကြသည်။

မတူပီ နှင့် မင်းတပ်ကြားက လည်မျိုချောင်း အပေါ်မှာ ပုံမှန် စစ်ဆေးတဲ့ဂိတ်တွင် ယနေ့ အကြမ်းဖက်စကစတပ် ၅၀ ဝန်းကျင် နှင့် အစစ်အဆေးကြပ် နေတယ်လို့ သိရပါသည်။ ညနေပိုင်း မတူပီ-မင်းတပ်ကြားကားလမ်းပေါ်က ချန်ပြန်း ရွာသစ်နား မြေပြို လမ်း ပိတ်တဲ့ နေရာကို အကြမ်းဖက်စကစတပ်တွေ ၂ ခေါက်လာကြည့် ကြတယ်လို့ သိရပါသည်။

(Zawgyi)
မင္းတပ္ၿမိဳ႕နယ္က ယေန႔ အၾကမ္းဖက္စကစတပ္ေတြရဲ႕ စစ္ေရးလႈပ္ရွားမႈအေျခအေန
ယေန႔မင္းတပ္ ၿမိဳ႕နယ္ရွိ႕ မကြီအိမ္ႏူးၿမိဳ႕နယ္ခြဲတြင္ တပ္စြဲထားသည့္ စစ္ေကာင္စီစခန္းတစ္ခုကို ေဒသခံ Mindat CDF တပ္ဖြဲ႕ထံ လက္နက္ အပ္ႏွံၿပီး စစ္ေကာင္စီ အရာရွိတစ္ဦး အပါအဝင္ လူဦးေရ ဆယ္ဂဏန္း ခန္႔ ျပည္သူႏွင့္ ပူးေပါင္းေၾကာင္း သိရသည္။

ေဒသခံ Mindat CDF ထံ (Mindat CDF မွ ဝင္ေရာက္ တိုက္ခိုက္သိမ္းပိုက္ရန္ ရည္႐ြယ္ထားေသာ္လည္း စခန္းမႉးျဖစ္သူ စစ္ေကာင္စီအရာရွိ မွ တိုက္ပြဲ မျဖစ္ေစခ်င္ဘဲ လက္နက္အပ္ႏွံ ပူးေပါင္းမည္ ဆိုေသာေၾကာင့္ ၂ ဘက္ ေသြးေျမက်စရာမလိုဘဲ စခန္း သိမ္းႏိုင္ျခင္းျဖစ္သည္။ ယေန႔ညေနပိုင္းတြင္ DVB မီဒီယာမွ တဆင့္ အင္တာဗ်ဴးမ်ား ႏွင့္ ေျမျပင္ ဗီဒီယိုဖိုင္မ်ား ပ်ံ႕ႏွံ႔လာခဲ့သည္။)

စစ္ေကာင္စီ တပ္ ကားမ်ား မေကြးတိုင္းမွ မင္းတပ္ ၿမိဳ႕အတြင္းသို႔ ေတာက္ေလွ်ာက္ အဝင္အတြက္ ရွိေနၿပီး စစ္ေကာင္စီတပ္မ်ား ကား/ဆိုင္ကယ္ မ်ားျဖင့္ ၿမိဳ႕တြင္း ကင္းလွည့္ေနေၾကာင္း သိရသည္။ စက္ေသနတ္မ်ားပါ တပ္ဆင္ထားေၾကာင္း သိရသည္။

ညေန႔ ညေနပိုင္းတြင္ မင္းတပ္-မတူပီ လမ္း ၅/၆ မိုင္ပတ္ဝန္းက်င္တြင္ လက္နက္ႀကီးသံမ်ား ၾကားေနရေၾကာင္းသိရသည္။ နယ္ေျမခံ တပ္ရင္း ၂၇၄ အနီးတဝိုက္တြင္ျဖစ္ၿပီး ေျခာက္လွန္႔ ပစ္ခတ္ျခင္းမ်ိဳး ျဖစ္ႏိုင္ေၾကာင္း သိရသည္။ ယေန႔ ညေန ၆ နာရီတြင္ စစ္ေကာင္စီတပ္မ်ားအခ်င္းခ်င္း မူးရူးၿပီး ပစ္ခတ္ရာ ရဲတစ္ေယာက္ဒဏ္ရာရရွိေၾကာင္းသိရသည္။

ယေန႔ မင္းတပ္တြင္ Covid-19 positive ထပ္တိုး လူနာ ၃ ဦးရွိၿပီး၊ စုစုေပါင္း ၁၅ ဦးရွိေၾကာင္းသိရၿပီး
သံဃာ ၂ ပါး ပါဝင္ေၾကာင္း နယ္ေျမခံ ပရဟိတမိတ္ေဆြ နာေရးကူညီမႈ အသင္း၏ facebook စာမ်က္ႏွာအရ သိရသည္။

ေဒသခံျပည္သူမ်ား စစ္ေရွာင္ေနရာမွ ထပ္မံတိမ္းေရွာင္ ထြက္ေျပးေနၾကရၿပီး မိုးမ်ား
ဆက္တိုက္႐ြာသြန္းေနသည့္အတြက္ ရိကၡာႏွင့္ က်န္းမာေရး ဆိုင္ရာ ျပႆနာမ်ား ႀကဳံေတြ႕ေနၾကရသည္။

မေကြးတိုင္း တြင္းရွိ စစ္ေရွာင္စခန္း မ်ားတြင္လည္း Covid-19 သံသယ လူနာမ်ား စတင္ေတြ႕ရွိေနရေၾကာင္း သိရသည္။

မင္းတပ္တြင္ ၁၆.၇.၂၀၂၁ ေန႔၌ အပစ္အခတ္ ရပ္နားျခင္း သေဘာတူညီမႈ ကုန္ဆုံး ပ်က္ျပယ္ ခဲ့ၿပီး UNHCR အကူညီစတင္ဝင္ေရာက္သည့္ ေနာက္ေန႔ ၂၁ ရက္ေန႔မွ စ၍ တေက်ာ့ျပန္ တိုက္ပြဲ ျပန္ျဖစ္လာခဲ့သည္။

ယေန႔ ညေန ၆ နာရီဝန္းက်င္ ၅ မိုင္နားက ဦးေမာင္းထန္းအိမ္ေနရာနားကေန အၾကမ္းဖက္စစ္ေကာင္စီတပ္က ေသနတ္ ၁၀ ခ်က္ဝန္း က်င္ ေဖာက္ၾကပါတယ္။ ၿပီးေနာက္ မင္းတပ္ဖက္သုိ႔ ကား ၂ စီးႏွင့္ ျပန္ဆင္းလာၾကသည္။

မတူပီ ႏွင့္ မင္းတပ္ၾကားက လည္မ်ိဳေခ်ာင္း အေပၚမွာ ပုံမွန္ စစ္ေဆးတဲ့ဂိတ္တြင္ ယေန႔ အၾကမ္းဖက္စကစတပ္ ၅၀ ဝန္းက်င္ ႏွင့္ အစစ္အေဆးၾကပ္ ေနတယ္လို႔ သိရပါသည္။ ညေနပိုင္း မတူပီ-မင္းတပ္ၾကားကားလမ္းေပၚက ခ်န္ျပန္း ႐ြာသစ္နား ေျမၿပိဳ လမ္း ပိတ္တဲ့ ေနရာကို အၾကမ္းဖက္စကစတပ္ေတြ ၂ ေခါက္လာၾကည့္ ၾကတယ္လို႔ သိရပါသည္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်