မလေးရှား Seremban ပြည်နယ်ရဲဌာန နဲ့ ACR/CRC တို့ တွေ့ဆုံပြီး နယ်ထိန်းရဲအရာရှိမှ စည်းမျဥ်းစည်းကမ်းတွေ ပြောကြား

ဇူလိုင်လ ၂၈ရက်၊ ၂၀၂၄

Zalen

မလေးရှားနိုင်ငံ၊ Seremban ပြည်နယ်ရဲဌာနနဲ့ ချင်းဒုက္ခသည် မဟာမိတ် (ACR/ CRC)တို့နဲ့အတူ ချင်းပြည်သူများ တွေ့ဆုံဆွေးနွေးပြီး နယ်ထိန်းရဲအရာရှိမှ စည်းမျဥ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ စည်းမျဥ်းစည်းကမ်းတွေဟာ မလေးရှားမှာ နေထိုင်ပါက စည်းကမ်းရှိရှိနေထိုင်ကြဖို့နဲ့ နိုင်ငံသားတွေ အမြင်ကပ်အောင်မပြုလုပ်ကြဖို့၊ အများပြည်သူသွားလာတဲ့ လမ်းဘေး၊ ပန်းခြံတွေမှာ ထိုင်ပြီးအရက်‌သေစာသောက်စားခြင်းနဲ့ အရက်မူးပြီး သောင်းကြမ်းအော်ဟစ်ခြင်းတွေ မပြုလုပ်ဖို့ ဖြစ်ပါတယ်။

Zalen ad

ဒါ့အပြင် ဆိုင်ရှေ့၊လမ်းဘေးစတဲ့ နေရာတွေမှာ စည်းမဲ့ကမ်းမဲ့ သေးပေါက်တာတွေ မပြုဖို့၊ ကွမ်းတံတွေး၊ခိုင်နီးတွေ စည်းမဲ့ကမ်းမဲ့မထွေးကြဖို့၊ အဖွဲ့စည်းတွေ အနေဖြင့်လည်း မိမိလူတွေကိုထိန်းနိုင်အောင်ကြိုးစားပေးကြပါဖို့ဖြစ်ပါတယ်။

လူထုအနေဖြင့်လည်း မိမိခေါင်းဆောင်များရဲ့စကားကိုနားထောင်ပေးကြပါဖို့ UNHCR ကိုင်ဆောင်သူဖြစ်‌‌ပေမဲ့လည်း စည်းမရှိကမ်းမရှိ‌ပြုမူပါက ဖမ်းဆီးနိုင်တယ်လို့ ဆိုပါတယ်။

မိမိအဖွဲ့စည်းကျောင်းတွေမှာ မြန်မာပြည်တွင်းဖြစ်ပျက်နေ​တဲ့ စစ်ပွဲတွေနဲ့ သတ်ဖြတ်မှုများအကြောင်း ကလေးများကို သင်ကြားပြောပြပေးခြင်းတွေ မပြုလုပ်ကြဖို့နဲ့ မြန်မာပြည်အတွင်း လက်နက်ကိုင်အဖွဲ့စည်းတွေ ထောက်ပံ့၊ထောက်ခံ၊အားပေးတဲ့ လှုပ်ရှားမှုတွေနဲ့ နာမည်၊ တံဆိပ်အမှတ်သားတွေပါတဲ့ အင်္ကျီများ၀တ်ဆင်ပြီး သွားလာခြင်းများမပြုလုပ်ဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ စည်းမျဥ်းစည်းကမ်းတွေကို ပြောကြားပြီးနောက် Seremban ပြည်နယ်ရှိ ချင်းလူမျိုးများအတွက် ရွေးချယ်ထားတဲ့ Seremban ချင်းခေါင်းဆောင်များကို မိတ်ဆက်ပေးပြီး ဆက်လက်အတူလက်တွဲလုပ်ဆောင်သွားကြဖို့လည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်