မီဇိုရမ်နဲ့ ချင်းပြည်နယ်စပ်မှာ ကားမတော်တဆဖြစ်လို့ ချင်း အမျိုးသားတစ်ဦးသေဆုံး၊၉ ဦးဒဏ်ရာရ

၁၅၊ဧပြီ၊၂၀၂၄

Zalen

မီဇိုရမ်ပြည်နယ်၊ရှာဟာခရိုင် မှာ ခရီးသည်တင်ဆောင်တဲ့ ကားတစ်စီးမတော်တဆမှုဖြစ်တာကြောင့် ထန်တလန်မြို့နယ် Vuangtu ရွာသား၊ သက်လတ်ပိုင်း တစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာ ရရှိခဲ့ တယ်လို့ သိရပါတယ်။

မီဇိုရမ်၊ ရှာဟာမြို့ ကနေ ချင်းပြည်နယ် ထန်တလန်မြို့နယ် Vuangtu ရွာကို ဦးတည်သွားနေတဲ့ခရီးသည် ၁၇ ဦးပါ Pickup ကားတစ်စီး က လုံဘွန်ရွာ (Lungbun) နဲ့ Tipi ချောင်းကြားမှာ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်း မှာမတော်တဆမှုဖြစ်လို့ Vuangtu ရွာသား သေဆုံးခဲ့တာပါ။

“ကျနော်တို့ ရှာဟာကနေထွက်လာပြီးတော့ နယ်စပ်ချောင်းနား မရောက်ခင် Lungbun နဲ့ ချောင်းကြားမှာ အဲလိုဖြစ်သွားတာ၊မတော်တဆဖြစ်တဲ့ချိန်က ညနေ ၅ နာရီခွဲလောက်ဖြစ်မယ်။ကားကဘရိတ် ချို့ယွင်းသွား လို့ အရှိန်နဲ့ သွားပြီးတော့ လမ်းမကြီးပေါ်မှာပဲမှောက်သွားတာ။ ဒီလိုနဲ့ အသက် ၅၀နီးပါးလောက်ရှိတဲ့ ကျတော် တို့အကို ဦး မာန်ကျုံးက ပွဲချင်းဆုံးသွားတယ်၊ဦးခေါင်းပိုင်း မှာ ဒဏ်ရာရတာ” လို့ အဲဒီကား မတော် တဆမှုမှာ ပါဝင်တဲ့ Vuangtu ရွာသား တစ်ဦးက Zalen ကိုပြောပါတယ်။

“မတော်တဆမှုဖြစ်သွားတဲ့ ကားပေါ်မှာ ခရီးသည်အားလုံး ၁၇ ဦးလိုက်ပါလာတယ်။ အဲဒီထဲမှာမှ လသား အရွယ် နဲ့ တစ်နှစ်ကျော်အရွယ်ကလေးငယ် နှစ်ဦးလည်းပါတယ်။ကားပေါ်လိုက်ပါလာသူတွေထဲမှာ ၉ ဦး လောက် က ဒဏ်ရာရကြတယ်၊ တစ်ခြားသူတွေလည်း နည်းနည်းစီတော့ ဒဏ်ရာရကြတာပေါ့၊ ဒဏ်ရာရတဲ့ သူ တွေကို ရှာဟာမြို့ဆေးရုံကို ပို့ခဲ့ကြပြီး ဒဏ်ရာပြင်းထန်တဲ့ သူ ၃ ဦးကိုတော့ အိုင်ဇောလ် ဆေးရုံကို လွှဲပေးခဲ့တယ်” လို့ သူကဆက်ပြောပါတယ်။

ဓကျတော်တို့ကံဆိုးလို့ပဲဖြစ်မှာပါ/ ကျနော်တို့ကားက အဲလိုအရှိန်လွန်သွားတော့ ကားကိုတားဖို့ ကျောက်တုံးတွေ ခံပေးခဲ့ပေမယ့် အရှိန်တအားများသွားပြီမို့မရတော့ဘူး၊ ကားက လမ်းအောက်ဘက်လည်းမကျဘူး၊ လမ်းဘေးက မြောင်းမှာပဲ မှောက်သွားတာ ကားပြတင်းပေါက်တွေကွဲတယ် အဲလောက်ပါပဲ၊ မတော်တဆ ဖြစ်တဲ့အချိန်မှာ တော့ ဘရိတ်မကောင်းတာပါ၊ ကားကို ပြန်တည့်ပြီးတော့ စက်ပြန်နှိုးတဲ့ချိန် ဘရိတ်တွေ အကုန်လုံးကောင်း ပြန်တယ်” လို့ဆိုပါတယ်။

ကားမတော်တဆ မှုမှာ သေဆုံးသွားတဲ့ ဦးမာန်ကျူံးဟာ သီချင်းရေး၊ဆိုပိုင်းမှာ အားကိုရတဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ဇိုဖေ အိုင်ဒေါ (Zyphe Idol) Theme Song ကိုလည်းရေးစပ်ပေးခဲ့သူ လို့သိ ရပါတယ်။သူ့ရဲ့ရုပ်အလောင်းကို သူမွေးဖွားရာ Vuangtu ရွာမှာပဲ ဧပြီလ ၁၄ ရက်မှသဂြိုလ်ခဲ့ကြပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်