မီဇိုးရမ်ပြည်နယ်ရှိ မီဇိုအမျိုးသမီးများ လူမျိုးခြားအမျိုးသားလက်ထပ်ပါက မီဇိုးလူမျိုးစာရင်းမှပယ်မယ်

အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ရှိ အားအကောင်းဆုံးအရပ်ဖက်လူမှုအဖွဲ့အစည်းဖြစ်တဲ့ YMA(မီဇိုးလူငယ်အဖွဲ့အစည်း)က လူမျိုးခြားအမျိုးသားများကိုလက်ထပ်တဲ့ မီဇိုးအမျိုးသမီးတွေ မီဇိုးလူမျိုးစာရင်းမှပယ်ဖျက်မယ့်ဥပဒေပြဌာန်းဖို့ ဒုတိယကြိမ်မြောက် YMA လူထုအစည်းဝေးမှာ သဘောတူဆုံးဖြတ်ကြပါတယ်။

ယင်းအစည်းအဝေးကို အောက်တိုဘာ(၁၉)ရက်မှာ မီဇိုးရမ်မြို့တော် အိုင်ဇောလ်မြို့ ဗန်နာပါခန်းမတွင်ကျင်းပကြပါတယ်။ လက်ရှိ မီဇိုးရမ်ပြည်နယ်မှာ ချင်းလူမျိုးအများအပြားသွားရောက်နေထိုင်ပြီး ကလေးမြို့၊ တာဟန်းတွင်လည်း မီဇိုးစကားအသုံးပြုတဲ့ ဟွာလ်ငို၊ လူရှည်လူမျိုးအများအပြားနေထိုင်လျက်ရှိတယ်။

ပြည်နယ်အစိုးရထံတင်ဖို့ YMAလူထုအစည်းအဝေးဆုံးဖြတ်ချက်တွေကတော့ မီဇိုးအမျိုးသမီးတွေက လူမျိုးခြားအမျိုးသားတွေနဲ့လက်ထက်ရင် လူမျိုးစာရင်းကနေပယ်ဖျက်နိုင်တဲ့ ‘Social Custum Bill’ ကို မီဇိုးရမ်ဥပဒေပြုရေးအစည်းအဝေးမှာအတည်ပြုဖို့ YMA ကတိုက်တွန်းရန်၊ National Register of Citizens (NRC) လည်း မီဇိုးရမ် ပြည်နယ်မှာ အသုံးပြုရန်၊ မီဇိုးရမ် ကျမ်ဖိုင်းမြို့မှ တာဟန်းအထိ အစိုးရက လိုင်းကားပြေးဆွဲရန် စသည်တို့ပါဝင်ပါတယ်။

Ref: Vanglaini

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်