မူလမဲဆန္ဒရှင်ထက်ဝက်ကျော်က သဘောတူရင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းလို့ရတဲ့ဥပဒေမူကြမ်းရေးဆွဲ

မူလမဲဆန္ဒရှင်ထက်ဝက်ကျော်က သဘောတူရင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းလို့ရတဲ့ဥပဒေမူကြမ်းရေးဆွဲ

ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို မူလမဲဆန္ဒရှင်ထက်ဝက်ကျော်က တာဝန်မှပြန်လည်ရုပ်သိမ်းလိုကြောင်း ဆန္ဒမဲပေးပါက လွှတ်တော်ကိုယ်စားလှယ်ကိုပြန်လည်ရုပ်သိမ်းနိုင်တဲ့ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားပါတယ်။
ယင်းဥပဒေကို လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ မူကြမ်းလို့ခေါ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကစွပ်စွဲချက်ဟာမှန်ကန်ပြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဆက်လက်ထမ်းဆောင်ရန်မသင့်ကြောင်းသဘောရရှိရင် တာဝန်မှပြန်လည်ရုပ်သိမ်းနိုင်ရန် သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒမဲပေးဆုံးဖြတ်စေရမယ်လို့ဖော်ပြထားပါတယ်။
မဲခွဲဆုံးဖြတ်ရာတွင် မူလမဲဆန္ဒရှင်ထက်ဝက်ကျော်က လာရောက်မဲပေးခြင်းမရှိရင် တာဝန်မျပြန်လည်ရုပ်သိမ်းခြင်းမပြုကြောင်း၊ ထက်ဝက်ကျော်လာရောက်ဆန္ဒမဲပေးတဲ့သူတွေထဲက ထက်ဝက်ကျော်က မိမိတို့လွတ်တော်ကိုယ်စားလှယ်ကို တာဝန်မှပြန်လည်ရုပ်သိမ်းလိုကြောင်းဆန္ဒပြုရင် တာဝန်မှပြန်လည်ရုပ်သိမ်းမယ်လို့ဖော်ပြထားတယ်။
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ကနေပြန်လည်ရုပ်သိမ်းခွင့်ရှိတဲ့အကြောင်းအရာကတော့ (က) နိုင်ငံတော်ရဲ့ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း၊ (ခ)ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်ခြင်း၊ (ဂ)အကျင့်သိက္ခာပျက်ပြားခြင်း၊ (ဃ)ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်းပျက်ယွင်းခြင်း၊ (င) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း တို့ဖြစ်ပါတယ်။
တာဝန်မှပြန်လည်ရုပ်သိမ်းလိုကြောင်းတိုင်းတန်းချက်ကို သက်ဆိုင်ရာမဲဆန္ဒနယ်ထဲက အနည်းဆုံး တစ်ရာခိုင်နှုန်းတို့ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်သွင်းရမှာဖြစ်ပါတယ်။
ဒီတိုင်းတန်းချက်ကို မမှန်မကန်တိုင်းတန်းချက်လို့ စစ်ဆေးပေါ်ပေါက်ပါက ဦးဆောင်တိုင်းတန်းသူကို တည်ဆဲဥပဒေတွေအရ အရေးယူနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်