မောင်တောမြို့နယ်မှာ မြိုအမျိုးသမီးနှစ်ဦးအပါအဝင် ၁၇ ဦးကို အေအေက ဖမ်းဆီးခေါ်ဆောင်သွား

ဖေဖော်ဝါရီလ ၁၀ရက်၊ ၂၀၂၅။

Zalen

အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာက မြိုအမျိုးသမီးနှစ်ဦးအပါအဝင် ၁၇ ဦးကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

ခုံတိုင်ကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါလလ ၇ ရက်နေ့ည ၈ နာရီမှာ အေအေတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးနဲ့ ယောကျာ်းလေးတစ်ဦးတို့ပါဝင်တယ်လို့ သိရပါတယ်။

Zalen ad

“အေအေတပ်ဖွဲ့ဝင်တွေက ရွာကို ဝိုင်းပြီး ဖမ်းဆီးတာပါ။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ ရွာကလူကြီးတွေက တားကြပေမဲ့မရဘူး။ ဖမ်းဆီးတုန်းက ဘာမှမပြောတော့ ဖမ်းဆီးရတဲ့အကြောင်းအရင်းကို မသိရသေးဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အေအေ ဖမ်းဆီးတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ အမျိုးသား တစ်ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး နဲ့ လက်ထက်ဖို့ စေ့စပ်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်းပါဝင်တယ်လို့ သိရပါတယ်။

အများစုမှာ အသက် ၅၀ ကျော် အသက်ကြီးပိုင်း အမျိုးသားတွေဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၈ရက်နေ့မနက်မှာ ခုံတိုင်ကျေးရွာသူ/သားတွေက အေအေနယ်မြေမှူးဆီ ဖမ်းဆီးခံရသူတွေ ပြန်လွတ်ပေးဖို့ ဆန္ဒပြတောင်းဆိုပေမဲ့ အေအေတပ်ဖွဲ့ဝင်တွေက သေနတ် ၃ ချက် ပစ်ဖော်ပြီး ခြိမ်းခြောက်သွားတယ်လို့ သိရပါတယ်။

“အသက်မပြည့်တဲ့သူတွေ၊ မိန်းကလေးတွေပါတာကြောင့် ပြန်လွတ်ပေးဖို့နဲ့ ဘာကြောင်း ဖမ်းတာလဲဆိုတာ သွားမေးကြတာပါ။ နယ်မြေမှူးက မသိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အေအေတပ်ဖွဲ့ဝင်တွေက သိချင်ရင် အထက်လူကြီးကိုပြောဆိုပြီး သေနတ်ဖောက်ပြီး ခြိမ်းခြောက်သလို အခုပြဿနာ ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ လိုင်းပေါ်တင်ရဲရင် တင်ကြည့်ဆိုပြီး ပြောသွားသေးတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အေအေတပ်ဖွဲ့ဝင်တွေက မောင်တောမြို့နယ်မှာရှိတဲ့ မြိုရွာတွေက မြိုလူမျိုးတွေကို နောက်ထပ်လည်း ဖမ်းဆီးသွားမယ်လို့ ပြောဆိုသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကလည်း ခုံတိုင်ကျေးရွာက

မြိုလူမျိုး အမျိုးသား ၁၁ ဦးကိုလည်း အေအေက ပြည်သူ့စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်မှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတဲ့ မြိုလူမျိုး ၉၀ ဦးထဲက အသက်မပြည့်သေးတဲ့သူတွေ၊ ကျန်းမာရေး မကောင်းသူတွေနဲ့ တစ်အိမ်နှစ်ယောက်ပါသွားတဲ့သူတွေကို အေအေက ပြန်လွတ်ပေးတယ်လို့ သိရပါတယ်။

သတင်း – ဆလိုင်း

နောက်ဆုံးရသတင်းများ

ချင်း အပါအဝင် အင်တာနက်ဖြတ်ထားတဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်နေတယ်လို့ MIP ထုတ်ပြန်

ဧပြီ ၂၀၊ ၂၀၂၆Zalen ချင်းပြည်နယ်အပါအဝင် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသအများစုမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်နေတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) က ဧပြီလ ၂၀ ရက် ဒီနေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ MIP က ...

ဆက်ဖတ်ရန်