မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁၁၄ သန်းကျော်ရှိလာကြောင်း ကုလ ထုတ်ပြန်

၂၇၊ အောက်တိုဘာ၊ ၂၀၂၃

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၁၁၄ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အောက်တိုဘာလ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခန့်မှန်း ဖော်ပြလိုက်ပါတယ်။

၂၀၂၃ ပထမနှစ်ဝက်မှာ ယူကရိန်း၊ ဆူဒန်၊ မြန်မာနဲ့ ကွန်ဂိုနိုင်ငံတွေက ပဋိပက္ခတွေ၊ အာဖဂန်နစ္စတန်က ကြာမြင့်နေပြီဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာနဲ့ မိုးခေါင်၊ ရေကြီးပြီး လုံခြုံမှုမရှိတဲ့ ဆိုမာလီယာ နိုင်ငံတွေကဖြစ်ရပ်တွေက အိုးအိမ်စွန့်ခွာရတဲ့ အဓိက အကြောင်းအချက်တွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ ပျံ့နှံ့ဖြစ်ပွားနေတာမှာ ၂၀၂၃ ခုနှစ် နှစ်စကနေ ဇွန်လအထိ ခြောက်လအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူ ၃သိန်း၄သောင်း ၃ထောင် ထက် မနည်းရှိခဲ့ပြီး လူသားချင်းစာနာစရာ အခြေအနေ ပိုပြီး ဆိုးဆိုးရွားရွားဖြစ်လာတယ်လို့ UNHCR ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Zalen ad

မြန်မာနိုင်ငံထဲမှာ ပြည်တွင်းဒုက္ခသည် ၁.၈ သန်းအထိ ရှိနေပြီး၊ ဒုက္ခသည်အဖြစ်လျှောက်ထားကြသူ ၁.၃ သန်းဟာလည်း အိမ်နီးချင်းနိုင်ငံတွေမှာ နေစရာအတည်တကျမရှိ ဖြစ်နေကြတယ်လို့ UNHCR က ဆိုပါတယ်။

ကမ္ဘာတစ်ဝန်းမှာ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှာ နေရပ်ရွှေ့ပြောင်းရသူ ၁၀၈ သန်းခွဲနီးပါးရှိခဲ့ပြီး ၂၀၂၃ခုနှစ် ဇွန်လကုန်မှာ သန်း ၁၁၀ ရှိတယ်လို့ UNHCR နှစ်ဝက် အစီရင်ခံစာမှာ ပါရှိပါတယ်။

ချစ်ခြင်းနွေ

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်