ရခိုင်စစ်ဘေးရှောင်အားလုံးကို အိန္ဒိယအစိုးရက မြန်မာဘက်သို့ပြန်ပို့

ရခိုင်စစ်ဘေးရှောင်အားလုံးကို အိန္ဒိယအစိုးရက မြန်မာဘက်သို့ပြန်ပို့

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လှောင်တလိုင်ခရိုင် မှောင်ဘိုချွမ်ရွာ (hmawngbuchuah khua) မှာနေထိုင်တဲ့ ရခိုင်စစ်ဘေးရှောင်တွေကို အိန္ဒိယအစိုးရက မြန်မာဘက်သို့ ဇူလိုင် ၂ ရက်နေ့က ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ မီဇိုရမ်အခြေစိုက်သတင်းစာတွေကဖော်ပြပါတယ်။

၎င်းစစ်ဘေးရှောင်တွေဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပလက်ဝမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရခိုင်တိုင်းရင်းသား ၁၂၀၀ ကျော် မီဇိုရမ်ပြည်နယ် ကျေးရွာလေးခုသို့သွားရောက်ခိုလုံကြပါတယ်။ နယ်မြေလုံခြုံရေးတည်ငြိမ်လာတဲ့ချိန်မှာ ၎င်းတို့ထဲမှ အများစုဟာ မြန်မာပြည်ဘက်သို့ပြန်သွားကြပြီး မှောင်ဘိုချွမ်ရွာ (hmawngbuchuah khua) မှာနေထိုင်တဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၅၄ စု လူဦးရေ ၂၁၉ ဦးကတော့ ဆက်လက်နေထိုင်ကြပါတယ်။

ဒါပေမယ့် အိန္ဒိယအစိုးရ ပြည်ထဲရေးဝန်ကြီးက မြန်မာပြည်ဘက်သို့ စစ်ဘေးရှောင်အားလုံးပြန်သွားရန်ပြောကြားပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၁၅ ရက်နဲ့ ၂၅ ရက်နေ့တွင်နေရပ် ပြန်ပို့ဖို့ရည်ရွယ်ထားပေမယ့် ရာသီဥတုဆိုးရွားခြင်းနဲ့ နယ်မြေလုံခြုံမှုမရှိတာကြောင့် အစီအစဉ်ပျက်သွားပါတယ်။

မြန်မာတပ်မတော်နဲ့ အိန္ဒိယ အာသန်တပ်ရင်း၊ လှောင်တလိုင်ခရိုင်အာဏာပိုင်တွေဟာ ဇွန်လ ၃၀ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်တွင် အစည်းအဝေးပြုလုပ်ပြီး မြန်မာတပ်မတော်ဘက်က ဒုက္ခသည်တွေကြိုဆိုကြောင်း၊ ဒုက္ခသည်တွေတင်ဆောင်ဖို့ ယာဉ်တွေစီစဉ်ပေးရန်ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂ ရက်နေ့တွင် လှောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ အာသန်တပ်ရင်းမှူးတို့က ဦးဆောင်ပြီး ရခိုင်စစ်ဘေးရှောင်တွေကို နှစ်နိုင်ငံစစ်တပ်သဘောတူထားတဲ့အတိုင်း နယ်စပ်မြစ်ကိုဖြတ်ဖို့ မြန်မာတပ်မတော်က စက်လှေစီစဉ်ရန်ပြောကြားထားတဲ့အတိုင်း စက်လှေမရောက်လာသဖြင့် မော်တော်ယာဉ်နဲ့ စစ်ဘေးရှောင်တွေကိုသယ်ဆောင်ကာ နှစ်နိုင်ငံနယ်စပ် မှတ်တိုင် နံပါတ် ၈ ထိပို့ဆောင်ပြီး ယင်းနေရာမှ မြန်မာတပ်မတော်က တာဝန်ယူပို့ဆောင်ခဲ့ပါတယ်။

ပစ္စည်းတွေအားလုံးကို စက်လှေနဲ့ မြန်မာဘက်ခြမ်းသို့တင်ဆောင်သွားပါတယ်။ စစ်ဘေးရှောင်တွေဟာ နှစ်ပတ်ကြာစားသောက်မယ့်စားနပ်ရိက္ခာတွေတင်ပေးထားပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်