ရေရှည်မှာ ဆိုးကျိုးများတယ်လို့ဆိုကာ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးများကို MTC/MDF တားမြစ်

မေ ၁၄ ၊ ၂၀၂၆
Zalen

ပေါင်းသတ်ဆေး ၊ ပိုးသတ်ဆေး နဲ့အဆိပ်ပါ ဓာတုဆေးဝါးများအသုံးပြုခြင်းဟာ ရေရှည်မှာ ကဏ္ဍအသီးသီးမှာ ဆိုးကျိုးရှိတာကြောင့် တားမြစ်လိုက်တယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ၊ ပြည်ထဲရေးနဲ့ ဒေသန္တရ အုပ်ချုပ်ရေးဌာနက ယမန်နေ့ မေလ ၁၃ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

မရာနယ်မြေအတွင်း ပေါင်းသတ်ဆေး ၊ ပိုးသတ်ဆေး နဲ့ အဆိပ်ပါဓာတုဆေးဝါးများအသုံးပြုခြင်းကြောင့် ပြည်သူလူထုရဲ့ ကျန်းမာရေးထိခိုက်မှုများ၊ မြေဆီလွှာပျက်စီးမှုများ၊ သောက်သုံးရေအဆိပ်သင့်မှုများ၊ မွေးမြူရေးတိရိစ္ဆာန်များသေဆုံးမှုများ နဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပေါ်လာနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင်အဆိုပါ ဓာတုဆေးဝါးများဟာ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ သက်ကြီးရွယ်အိုများရဲ့ ကျန်မာရေးအပေါ်ဆိုးဝါးတဲ့ ထိခိုက်မှုများဖြစ်ပေါ်စေနိုင်တဲ့အပြင် ရေရှည်မှာဒေသခံပြည်သူများရဲ့ အသက် အန္တရယ်ကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ဆိုပါတယ်။

Zalen ad

ဒါ့ကြောင့် ဒေသခံပြည်သူများရဲ့ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေမြေသယံဇာတများအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ကျေးရွာ/ဒေသအတွင်း ပေါင်းသတ်ဆေး ၊ ပိုးသတ်ဆေး နဲ့အဆိပ်ပါဓာတုဆေးဝါးများ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနဲ့ အသုံးပြုခြင်းတို့ကို လုံးဝတားမြစ်လိုက်တယ်လို့ဆိုပါတယ်။

တားမြစ်ချက်အား ချိုးဖောက်သူမည်သူမဆို သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေးအဖွဲ့မှ စည်းမျဉ်းစည်းကမ်းများ နဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်လို့ ဒေသခံများပူးပေါင်းလိုက်နာကြဖို့ အသိပေးထားပါတယ်။

သတင်း – Mickey
ဓါတ်ပုံ – AI

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက ကနန်၊ ခမ်းပါတ်ကို လေကြောင်းနဲ့  ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဇွန်  ၂၇၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပေါ်ရှိ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များအရ သိရပါတယ်။ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မနက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကနန်ကျေးရွာနဲ့ ခမ်းပါတ်မြို့ကို လေကြောင်းနဲ့ ...

ဆက်ဖတ်ရန်