လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ဦးသေဆုံး၊၅ဦးဒဏ်ရာရ

၂၃၊ဇွန်၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အနောက်မြောက်ပိုင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

ယမန်နေ့ ဇွန်လ ၂၂ရက်နေ့မှာ ကလေးမြို့နယ်အနောက်မြောက်ပိုင်းမှာ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာများကိုလည်း လက်နက်ကြီးပစ်ခတ်ခဲ့ပြီး မောက်လင်းရွာမှတစ်ဦးသေဆုံးကာ လက်ပံချောင်းရွာမှ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Zalen ad

“လက်နက်ကြီးကမောက်လင်းရွာနဲ့လက်ပံချောင်းမှာကျတာ။ဆုံးသွားတာကတော့ ဆေးရုံရောက်မှဆုံးသွားတာပါ။ဒဏ်ရာရ ၅ယောက်ထဲမှာ တယောက်ကတော့စိုးရိမ်ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနယ်အနောက်မြောက်ပိုင်းမှာအရပ်သားသေဆုံးသူမှု ၁၅ဦးထက်မနည်းရှိတယ်လို့ဒေသခံများထံကသိရပါတယ်။

HAK

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်