ဟားခါးမြို့တွင် လိင်တူချင်းအဓမ္မပြုကျင့်သူက ၎င်းကိုရိုက်နှိပ်သည့်ကလေးအစ်ကိုကို တရားပြန်စွဲ

ဟားခါးမြို့တွင် လိင်တူချင်းအဓမ္မပြုကျင့်သူ လူမှုဝန်ထမ်းဦးစီးဌာနက စာပို့သမား ဦးခင်မောင်ထူး(၃၅နှစ်)က ၎င်းကိုရိုက်နှိပ်သည့်ကလေးအစ်ကို ဆလိုင်းဗျက်ဇာထောင်း(၂၂နှစ်)ကို တရားပြန်စွဲလိုက်သည်ဟုသတင်းရရှိသည်။

ဦးခင်မောင်ထူး(၃၅နှစ်)က အိမ်နီးနားရှိ အသက်(၇)နှစ်အရွယ်ယောကျ်ားလေးတစ်ဦးကို ၂၀၁၈ ခုနှစ် ဧပြီလ(၈)ရက်ညနေပိုင်းတွင် အဓမ္မပြုကျင့်ခဲ့သည်။ ယင်းကဲ့သို့အဓမ္မပြုကျင့်စဉ်တွေ့ရှိသော ကလေးအစ်ကိုက တုတ်ချောင်းဖြစ်ရိုက်စဉ် လက်ဖြစ်ကာသဖြင့် ဒဏ်ရာရရှိသည်ဟုသိရသည်။

“အစတုန်းကတော့ အမှုမဖွင့်ဘူးလို့ပြောတယ်။ ဒါပေမယ့် ကလေးမြို့မှာဆေးရုံတက်ပြီးအပြန် လေးငါးဆယ်ရက်လောက်မှာ စိတ်ပြောင်းပြီးအမှုပြန်ဖွင့်ပေးပါလို့ လာပြောတော့ ကျနော်တို့လည်း အမှုဖွင့်ပေးရတာပေါ့။ ဒဏ်ရာကတော့ ခေါင်းနည်းနည်းပါးပါးထိတာခုတော့ သက်သာသွားပြီး။ လောလောဆယ်လက်ကျိုးလို့ ပတ်တီးစီးနေရတယ်”ဟု ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး သိန်းဇော်ဦးက Zalen သို့ပြောသည်။

လိင်တူချင်းအဓမ္မပြုကျင့်သူ ဦးခင်မောင်ထူး(၃၅နှစ်)က ၎င်းကိုရိုက်နှိပ်သည့်ကလေးအစ်ကို ဆလိုင်းဗျက်ဇာထောင်းကို ရာဇာသတ်ကြီးပုဒ်မ (၃၂၅) အပြင်းအထန်နာကျင်စေမှုနဲ့အမှုဖွင့်ထားပြီး ယင်းပုဒ်မသည် ထောင်ဒဏ် ငါးနှစ်ထိကျခံနိုင်သည်။

အဓမ္မပြုကျင့်သူ ဦးခင်မောင်ထူးကို ရာဇသတ်ကြီးပုဒ်မ(၃၇၇) ဓမ္မတာမဟုတ်ကာမဆက်ဆံရေးဥပဒေနှင့်အရေးယူထားကြောင်း၊ ယင်းဥပဒေသည် အနည်းဆုံးထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်