အဆောင်သရဲ ရဲ့မူလတေးရေး၊ဆိုရှင် ဆလိုင်းဂျွန်သင်ဇမ်းက အိုင်ဒေါလ်ဒိုင်တွေကိုဒဲ့ပြောလိုက်တယ်
မနေ့ည မြန်မာအိုင်ဒေါလ်ရဲ့ အမှတ်တရ တက္ကသိုလ်သီချင်းများ သီဆိုယှဉ်ပြုင်မှုတွင် မူးလာက ဆလိုင်းသွှအောင်၊ စောဘွဲ့မှူး နဲ့ ဆလိုင်းဂျွန်သင်ဇမ်းက ရေးစပ်သီဆိုထားတဲ့ အဆောင်သရဲ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။
မူးလာရဲ့ သီဆိုမှုနဲ့ ဒိုင်တွေအပေါ်မှာ ဆလိုင်းဂျွန်သင်ဇမ်းက အခုလို ၎င်းလူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထားပါတယ်။
တကယ်တော့အဆောင်သရဲဟာ Ironic song (ရွဲ့တဲ့သီချင်း)ဖြစ်ပါတယ်။ ဒါကြောင့် လွမ်းလွမ်းဆွေးဆွေးဆိုရင် ရေးသူတွေအတွက် ဟာသဖြစ်လာတယ်။ ဒီသီချင်းကခပ်ငေါ့ငေါ့လေးဆိုရမယ်။ ခပ်ရွဲ့ရွဲ့လေးဆိုရမယ်။
ဟိုးတစ်ချိန်က အဆောင်နားမှာသီချင်းတွေဆိုပြီး မစားရဝခမန်း ပြောတဲ့လူတစ်ချို့ကို လှောင်တဲ့သီချင်းဖြစ်တယ်။ သူတို့သီချင်းဆိုလိုက်ရင် အဆောင်သူတွေကြွေပြီး မုန့်တွေ၊လ္ဘက်ရည်တွေပို့ကြောင်း ကြွားလုံးထုတ်တဲ့လူတစ်ချို့ရှိတယ်။တကယ်တန်းဟုတ်လားဆိုတာ့ မဟုတ်ဘူး။ ဓါတ်သိတွေပဲ…
ဆလိုင်းဂျွန်သင်ဇမ်း နဲ့ ဆလိုင်းသွှသောင်းတို့အား အမေရိကန်မှာနေထိုင်တဲ့ ဆလိုင်းသွှအောင်ရဲ့နေအိမ်တွင် ၂၀၁၈ ခုနှစ်တုန်းက တွေ့ရစဉ်
ဖီးလျငုပျသှားကွမလားမသိဘူး။ မတတ်နိုင်ဘူး။ သီချင်းရေးသူရဲ့ နှလုံးသားကို လူတော်တော်များများကမသိဘူး။သိအောင်လည်းမကြိုးစားကြဘူး။ ကိုယ့်အတွေးနဲ့ကိုယ် ကောက်ချက်ချခြင်းခံရလေ့ရှိတယ်။
သီချင်းလေးတစ်ပုဒ်ပေါက်ရင် ဆိုချင်တာပဲသိကြတယ်။သီချင်းတစ်ပုဒ်သီဆိုတယ်ဆိုတာ ရေးသူရဲ့ ရည်ညွှန်းချက်၊ခံစားချက်ကို အရင်သိထားရင် ပိုကောင်းပါတယ်။ သီချင်းရေးသူကို ခေါက်ပြီးလုပ်ချင်တာလုပ်နေကြသမျှ အလွဲတွေဖြစ်နေဦးမယ်။
သီချင်းပြိုင်ပွဲလုပ်တဲ့ဒိုင်တွေကို တစ်ခုပြောချင်တယ်။ကိုယ့်ကိုယ်ကိုယ် cele ဆိုပြီး ဖင်ခေါင်းမကျယ်ကြပါနဲ့။ သီချင်းရေးသူတွေကို အလေးထားပါ။ သီချင်းရေးသူဘယ်သူဖြစ်တယ်ဆိုတာ သေသေချာလေ့လာပါ။ ဘိုလိုလို ဂျိုလိုလိုမလုပ်ကြပါနဲ့။ စင်ပေါ်တက်ပြီး မျက်စိနောက်အောင်မလုပ်ကြပါနဲ့။ ကိုယ့်စရိတ်နဲ့ကိုယ် လူတွေရွံရှာမယ့်အလုပ်တွေမလုပ်ကြပါနဲ့။ အောင်မြင်မှုဆိုတာ ခဏလေးပါ။ခဏလေးကြည့်မိရင်တောင် မျက်စိနောက်တယ်။အာရုံနောက်တယ်။
PS “အဆောင်သရဲ” သီချင်းကို ဆလိုင်းသွှအောင်က ကိုယ်တို့ရဲ့တတိယအယ်လ်ဘမ် “အရိုင်းမြေမှတောင်ပံလေးများ” မှာသီဆိုထားပါတယ်။ ကိုဘွဲ့က ဂစ်ခေါက်ပြီး ကိုယ့်ညီလေးဆလိုင်းသျှမ်းလျန်က ဘေ့စ်တီးပါတယ်။
အရင်ပတ်တွေက မြန်မာအိုင်ဒေါလ်မှာ ဆလိုင်းဂျွန်သင်ဇမ်းရဲ့ နာမည်ကြီးသီချင်း အလွမ်းကဖီး ကိုBorwn@ မြတ်သူရမော်က သီဆိုခဲ့တာနဲ့ပတ်သက်ပြီး စီစဉ်သူတွေက သီချင်းပိုင်ရှင်ထံအသိပေးခွင့်ပြုချက်မတောင်းတဲ့အပေါ်ဝေဖန်ထားပါတယ်။
(Zawygi)
ဒါနဲ့ပဲ အဲလိုလူတွေသေရင် အဆောင်သရဲဖြစ်မယ့်ကောင်တွေဆိုပြီး ဆလိုင်းသွှအောင်ရယ်၊ ကိုဘွဲ့ရယ်၊ကိုယ်ရယ် ပေါင်းပြီးရေးထားတဲ့သီချင်းဖြစ်ပါတယ်။သီချင်းအကြောင်းအရာမသိကြတော့ တကယ့်အဖြစ်ပျက်လိုလို၊ သနားစရာလိုလိုဖြစ်လာတယ်။
စောခရစ်မူးလာ
နောက်ဆုံးရသတင်းများ
မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ
၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...
ဆက်ဖတ်ရန်