အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားမယ်

၄၊ နိုဝင်ဘာလ၊ ၂၀၂၄

Zalen

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူအာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် အဖြစ် တရုတ်နိုင်ငံကိုသွားရောက်မယ်လို့ စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့က ဒီကနေ့သတင်းထုတ်ပြန် ပါတယ်။

တရုတ်ရဲ့ဖိတ်ကြားချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့ကိုသွားရောက်မှာဖြစ် ပြီးတော့ တရုတ်-မြန်မာ နှစ်နိုင်ငံကြားချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံပူးပေါင်းဆောက်ရွက်ရေး ပိုမို တိုးတက် အောက်ဆွေးနွေးကြမယ့်အပြင် တရုတ်အစိုးရတာဝန်ရှိသူများနဲ့လည်းတွေ့ဆုံသွားမယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

Zalen ad

စစ်ခေါင်းဆောင်က မနက်ဖြန် နိုဝင်ဘာလ ၅ ရက်နေ့မှာ တရုတ်ခရီးစဉ်စတင်မှာဖြစ်ပြီးတော့ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တို့မှာကျင်းပသွားမယ့် မဟာမခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး ၊ ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်း အဝေး နဲ့ ၁၁ ကြိမ်မြောက် ကမ္ဘောဒီယား-အာလို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်း အဝေးတို့ကိုလည်း ပါဝင်တက်ရောက်မယ်လို့ ဖော်ပြထားပါတယ်။

ဒီတစ်ခေါက် စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ အာဏာသိမ်းပြီနောက်ပိုင်း တတိယအကြိမ် ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ၂၀၂၁ ခုနှစ် ဧပြီလ အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့သလို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ရုရှားနိုင်ငံကို သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်း – Abraham

နောက်ဆုံးရသတင်းများ

မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များက လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူ

ဧပြီ ၂၈၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းပြည်နယ် မတူပီမြို့နယ် ဆီလှည့်ကျေးရွာအတွင်း Daai CDF အဖွဲ့ဝင်များဝင် ရောက်လာ ပြီး လူနေအိမ်ခေါင်မိုးပေါ်မှ ဆိုလာစက်များ ဖြုတ်ယူနေတယ်ဆိုတဲ့ ရုပ်သံတခု အွန်လိုင်းလူမှုမီဒီယာတွင် ပျံ့နှံ့လာပါတယ်။ ယင်းဖြစ်စဉ်မှာ ...

ဆက်ဖတ်ရန်