အိန္ဒိယနိုင်ငံက မြန်မာစစ်ဘေးရှောင် ၁ဦးကိုဗစ်နဲ့သေဆုံး၊ ယနေ့ဟားခါးတွင် ကိုဗစ်နဲ့ ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် တလန်ပီးကျေးရွာကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဖာရ်ကောရွာသို့ စစ်ဘေးရှောင်တဲ့ အသက် (၈၁ နှစ်)အရွယ်အမျိုးသမီးဟာ ယမန်နေ့ အောက်တိုဘာ ၄ ရက်ညနေပိုင်းတွင် ကိုဗစ်ရောဂါနဲ့သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ယင်းအမျိုးသမီးဟာ စက်တင်ဘာ ၂၇ ရက်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိပြီး ကိုဗစ်လူနာကုသဆောင်တွင်ထားရာ မနေ့ကသေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့ အောက်တိုဘာ ၅ ရက်တွင် ဟားခါးမြို့မှာ အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ယောက်နဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါနဲ့သေဆုံးကြတယ်။

Zawgyi

Zalen ad





 

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို AA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ စုစည်းတွန်းလှန်နိုင်ခဲ့ဟု ဆလိုင်းယောမာန်ပြော

Zalen ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းဆောင်ရွက်မှုနဲ့ အောင်မြင်စွာ ဟန့်တားနိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန် က ပြောပါတယ်။ မနေ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်