အိန္ဒိယသံရုံးထံအကူအညီတောင်းပြီး ဖလမ်းဈေးအသစ်ပြန်ဆောက်ရန် ကော်မတီဖွဲ့စည်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ စည်ပင်ဈေးသစ်ပြန်ဆောက်ဖို့ ဒေသခံပြည်သူတွေက ဈေးတည်ဆောက်ရေးကော်မတီကို ဧပြီ ၂၆ ရက်က စတင်ဖွဲ့စည်းတယ်လို့သတင်းရရှိပါတယ်။

ယင်းကော်မတီကို Dr.Run Bik Taithio က ဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှာ ဈေးသစ်တည်ဆောက်ဖို့ အကူအညီတောင်းရန် ရည်ရွယ်ထားတယ်လို့လည်းသိရတယ်။

မနှစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက Dr.Run Bik Taithio မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကို အလွတ်သဘောသွားရောက်တွေ့ဆုံခဲ့တယ်လို့သိရတယ်။

ဖလမ်းမြို့ စည်ပင်ဈေးသစ်ကို ကျပ်သိန်း ၁ သောင်းအကုန်အကျခံကာ ၃ ထပ်တိုက်ဖြင့် တည်ဆောက်ရန် ရည်မှန်းထားကြပါတယ်။

Dr.Run Bik Taithio ရဲ့ကြိုးပမ်းမှုကြောင့် အိန္ဒိယနိုင်ငံက ဖလမ်းမြို့တော်ခန်းမတည်ဆောက်ရေးနဲ့ ယဉ်ကျေးမှုအဆောက်အအုံတည်ရေးမှာ တချို့တဝက်ကူညီပေးခဲ့ပါတယ်။

Dr.Run Bik Taithio ဟာ အိန္ဒိယနိုင်ငံ၊ နယူဒေးလီမြို့မှာ ဒေါ်အောင်ဆန်းစုကြည်တည်ထောင်ထားတဲ့ Prospect Burma ကျောင်းတွင် နှစ်အတော်ကြာ ကျောင်းအုပ်ဆရာကြီးတာဝန်ယူထားတာကြောင့် အိန္ဒိယအစိုးရနဲ့ဆက်ဆံရေးကောင်းမွန်ခဲ့ပါတယ်။

Zawgyi

အိႏိၵယသံရံုးထံအကူအညီေတာင္းၿပီး ဖလမ္းေစ်းအသစ္ျပန္ေဆာက္ရန္ ေကာ္မတီဖြဲ႔စည္း

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕ စည္ပင္ေစ်းသစ္ျပန္ေဆာက္ဖို႔ ေဒသခံျပည္သူေတြက ေစ်းတည္ေဆာက္ေရးေကာ္မတီကို ဧၿပီ ၂၆ ရက္က စတင္ဖြဲ႔စည္းတယ္လုိ႔သတင္းရရွိပါတယ္။

ယင္းေကာ္မတီကို Dr.Run Bik Taithio က ဦးေဆာင္ၿပီး ျမန္မာႏိုင္ငံဆုိင္ရာ အိႏိၵယသံရံုးမွာ ေစ်းသစ္တည္ေဆာက္ဖို႔ အကူအညီေတာင္းရန္ ရည္ရြယ္ထားတယ္လုိ႔လည္းသိရတယ္။

မႏွစ္ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလတုန္းက Dr.Run Bik Taithio ျမန္မာႏိုင္ငံဆုိင္ရာ အိႏိၵယသံအမတ္ကို အလြတ္သေဘာသြားေရာက္ေတြ႔ဆံုခဲ့တယ္လုိ႔သိရတယ္။

ဖလမ္းၿမိဳ႕ စည္ပင္ေစ်းသစ္ကို က်ပ္သိန္း ၁ ေသာင္းအကုန္အက်ခံကာ ၃ ထပ္တိုက္ျဖင့္ တည္ေဆာက္ရန္ ရည္မွန္းထားၾကပါတယ္။

Dr.Run Bik Taithio ရဲ႕ၾကိဳးပမ္းမႈေၾကာင့္ အိႏိၵယႏိုင္ငံက ဖလမ္းၿမိဳ႕ေတာ္ခန္းမတည္ေဆာက္ေရးနဲ႔ ယဥ္ေက်းမႈအေဆာက္အအံုတည္ေရးမွာ တခ်ဳိ႕တဝက္ကူညီေပးခဲ့ပါတယ္။

Dr.Run Bik Taithio ဟာ အိႏိၵယႏိုင္ငံ၊ နယူေဒးလီၿမိဳ႕မွာ ေဒၚေအာင္ဆန္းစုၾကည္တည္ေထာင္ထားတဲ့ Prospect Burma ေက်ာင္းတြင္ ႏွစ္အေတာ္ၾကာ ေက်ာင္းအုပ္ဆရာၾကီးတာဝန္ယူထားတာေၾကာင့္ အိႏိၵယအစိုးရနဲ႔ဆက္ဆံေရးေကာင္းမြန္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်