အိန္ဒိယ-မြန်မာနယ်စပ်ဒေသမှာ လက်နက်ကိုင်တပ်တွေ မရှိရေး စစ်ကောင်စီနဲ့ အိန္ဒိယတပ်တို့ ဆွေးနွေး

မေ ၅၊ ‌၂၀၂၆
Zalen

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လက်နက်ကိုင်တပ်တွေ မရှိဖို့ နှစ်နိုင်ငံကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ စစ်ကောင်စီတပ်နဲ့ အိန္ဒိယစစ်တပ်တို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မေ ၄ ရက်နေ့က နေပြည်နယ်တော်မှာ အိန္ဒိယ‌ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီနေရှ်ကေတရီပါသီနဲ့ စစ်ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တွေဆုံချိန်မှာ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို မဟာဗျူဟာအဆင့်အထိ သက်ရောက်မှုရှိရေး ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယရေတပ်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

Zalen ad

ဒါပေမယ့် အိန္ဒိယရေတပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လက်နက်ကိုင်တပ်တွေ ကိစ္စနဲ့ပတ်သက်လို့ ထည့်သွင်း ပြောဆိုသွားတာ မရှိပါဘူး။

အိန္ဒိယနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ချင်းပြည်နယ် တီးတိန်၊ တွန်းဇံ၊ ဖလမ်းနဲ့ ပလက်၀ ဒေသတွေဟာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ အားကောင်းတဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဒါအပြင် အိန္ဒိယ- မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာ လှုပ်ရှားနေတဲ့ ကသည်းနဲ့ နာဂ လက်နက်ကိုင်တွေကို အိန္ဒိယဘက်က ဒရုန်းနဲ့တိုက်ခိုက်ဗုံးကြဲမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာ ထုတ် ပြောတာ မရှိပါဘူး။

လက်ရှိ အိန္ဒိယရေတပ်ချုပ်ရဲ့ မြန်မာ ခရီးစဉ်ဟာ မေလ ၂ ရက်ကနေ ၅ ရက်အထိ ကြာမြင့်မှာ ဖြစ်ပြီး မြန်မာရေတပ် ဗဟိုကွပ်ကဲမှုဌာနက အရာရှိတွေနဲ့လည်း တွေ့ဆုံထားတယ်လို့ ဆိုပါတယ်။

အိန္ဒိယရေချုပ်နဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ နေပြည်တော် တွေ့ဆုံမှုကနေ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေအပြင် နှစ်နိုင်ငံရေတပ်ကြား စစ်ရေးလေ့ကျင့်ရေးတွေကိုလည်း ပူးပေါင်းလုပ်သွားတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒီခရီးစဉ်မှာပဲ အိန္ဒိယအစိုးရက ပံ့ပိုးပေးထားတဲ့ စစ်ဘက်ဆိုင်ရာ ကိရိယာတွေကို မြန်မာ‌‌ ရေတပ်ဘက်ကို လွှဲပြောင်းပေးထားသလို အဲဒီထဲမှာ သင်္ဘောအသုံးအဆောင်ပစ္စည်းတွေ၊ ကမ်းရိုးတန်းလုံခြုံရေးအတွက် အသုံးပြုနိုင်တဲ့ကိရိယာတွေ ပါဝင်တယ်လို့ အိန္ဒိယဘက်က ဆိုပါတယ်။

အိန္ဒိယရေတပ်ရဲ့ စစ်ရေယာဉ် နှစ်စင်းဟာ ချစ်ကြည်ရေးခရီးလည်ပတ်ဖို့ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို မနေ့က မေလ ၄ ရက် ညနေပိုင်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

Mary

ဓာတ်ပုံ-လူမှုကွန်ယက်

#အိန္ဒိယ#မြန်မာ#နယ်စပ်ဒေသ#လက်နက်ကိုင်တပ်#မရှိရေး #ဆွေးနွေး#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းဒေသ ပြန်လည်တည်ဆောက်ရေးကော်မတီက ပြည်သူများအား ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို

မေ ၅၊ ၂၀၂၆Zalen ဖလမ်းမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြို့အတွင်း ပြည်သူများ ပြန်လည်ဝင်ရောက်လာနေကြ ချိန်တွင် လုံခြုံရေးနှင့် လူမှုရေးပြဿနာများ ဖြစ်ပေါ်နိုင်ခြေရှိကြောင်းကြောင့် ဖလမ်းဒေသ ပြန်လည် တည်ဆောက်ရေးကော်မတီ (Falam Remdaihnak Committee) ယမာန်နေ့ မေလ ...

ဆက်ဖတ်ရန်