ဧဝံဂေလိတရားဟောဆရာကို မုဒိမ်းမှုအပါအဝင် ပုဒ်မ လေးခုနဲ့တရားစွဲလိုက်ပြီ

သက်ငယ်မိန်းကလေးနှစ်ဦးကို မုဒိမ်းပြုကျင့်တယ်လို့စွပ်စွဲထားတဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@Lar Boih ကို ဒီကနေ့ ကလေးခရိုင်တရားရုံးက မုဒိမ်းမှုအပါအဝင် ပုဒ်မလေးခုနဲ့ တရားစွဲတင်လိုက်ပြီလို့သိရတယ်။

ဧဝံဂေလိတရားဟောဆရာကို တရားစွဲတင်လိုက်တဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ၃၂၃(နာကျင်စေမှု)၊ ၅၀၆(ခြိမ်းခြောက်မှု)၊ ၃၇၆/၅၁၁(အားထုတ်မှု) တို့ဖြစ်ပါတယ်။ ပုဒ်မ ၃၇၆(မုဒိမ်းမှု)ဟာ အမြင့်ဆုံး ထောင်ဒဏ်နှစ်(၂၀)ထိချမှတ်နိုင်တယ်။

Evan. S Lar Boih

“နောက်ရုံးချိန်းကျရင် တရားခံရော၊ တရားလိုရော စစ်ဆေးမယ်။ ဒီနေ့တရားစွဲတင်တာပဲဖြစ်တယ်” လို့တာဟန်းရဲစခန်းတာဝန်ရှိသူကဆိုပါတယ်။

ကလေးမြို့နယ် လက်ပံချောင်းရွာမှာနေထိုင်တဲ့ ဧဝံဂေလိတရားဟောဆရာ Lal Biak Lar@ Lar Boih ဟာ ဖလမ်းမြို့နယ်ကနေ ၎င်းတို့နေအိမ်မှာလာရောက်နေထိုင်တဲ့ မိုင်….(၁၅နှစ်)ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်….(၁၄နှစ်)ကို ၂၀၁၈ ခုနှစ် ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်တယ်လို့ဆိုကာ ဧပြီလ(၁၃)ရက်တွင် ကလေးမိဘတွေကိုယ်တိုင်က တာဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ နောက်ထပ်ရုံးချိန်းကတော့ မေလ (၂၅)ရက်ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်